Thursday, May 24, 2012

နေပါစေလေ

မှောင်မိုက်ထဲမှာ
လောင်မြိုက်မှုတွေကို လစ်လျှူရှူ့
ညစ်ထေးမှုတွေနဲ့ ဘဝမှာ
မနက်တိုင်း ဆေးပေမယ့်
အသစ်ဖြစ်မလာတဲ့ မျက်နှာအတွက်
မနက်ဖြန်ခါကို မမျှော်တော့ဘူး
ဒီညအဖို့ ဒို့မိသားစုတသိုက်
တော်သလိုသာ
ပျော်လိုက်တော့မယ်။

အေးနန္ဒာအောင်(ဂျပန်)

ကို Kyaw Zayaထံမှ ရရှိသော ဓါတ်ပုံကို ကြည့်ရင်း အမျိုးအမည်မဖေါ်ပြတတ်တဲ့ ခံစားမှုကို ခံစားရပါတယ်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....