Sunday, April 29, 2012

ဂျပန်နိုင်ငံရောက် UNFC တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ



ဂျပန်နိုင်ငံရောက် ဧည်သည်တော်များဖြစ်ကြသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (United Nationalities Federal Councle (Union of Burma) မှ  တိုင်းရင်းသား ခေါင်းဆောင်များဖြစ်သော အဖွဲ့ခေါင်းဆောင် UNFC ဒုတိယ ဥက္ကဌ ဖဒိုစောဒေးဗစ်တာကဘော၊ အထွေထွေအတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာ နှင့် UNFC ဗဟိုကော်မတီဝင် KIO အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာ တို့နှင့် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လိုလားသော ပြည်ထောင်စုဖွားတိုင်းရင်းသားများ၏ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ ၂၀၁၂.ဧပြီလ.၂၉ နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ SHIMAOCHIAI အရပ်ရှိ……..တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခန်းအနားတွင် ဧည့်သည်တော်တိုင်းရင်းသား ခေါင်းဆောင်တို့မှ ပြည်ထောင်စုဖွား တိုင်းရင်းသားများအတွက် စစ်မှန်တဲ့ ပြည်ထောင်စု အခွင့်အရေးရရှိရေးအတွက် ကြိုးပမ်းနေကြတဲ့ ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီကွန်ယက်  NDBနှင့် ဂျပန်ရောက် တိုင်းရင်းသားများအားလုံးကို လေးစားပါကြောင်း၊ ယခုနောက်ပိုင်းမှာ ဂျပန်နိုင်ငံအနေနဲ့ မြန်မာ့အရေးကို စိတ်ဝင်စားလာမှု ပိုမိုများပြားလာတဲ့အပြင်၊ တိုင်းရင်းသားများရဲ့ အခန်းကဏ္ဍဟာလည်း အရေးကြီးကြောင်း
သိလာတာနဲ့အမျှ တိုင်းရင်းသားများကိုလည်း ပိုမိုအလေးပေး ဆက်ဆံလာကြောင်း တွေ့ရတဲ့အတွက် ဝမ်းသာကြောင်း၊ UNFC  ရဲ့  အပစ်အခတ် ရပ်စဲရေးအတွက်  ပဏာမအနေနဲ့ အပစ်အခတ် ရပ်ဆိုင်းရေး လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရှိသလို လက်မှတ်မထိုးတာထားတဲ့အဖွဲ့တွေလည်း ရှိကြောင်း၊  UNFC အနေနဲ့ အောက်ခြေ လုပ်ငန်းစဉ်တွေ မတူပေမယ့် မဟာ မူဝါဒအရ တသဘောထားတည်း ဖြစ်ကြောင်း၊ UNFC က အဖွဲ့အားလုံးရဲ့ မဟာ မူဝါဒသဘောထားအရ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုကိုသာ ရရှိရေးသာ ဖြစ်ကြောင်း UNFC အနေနဲ့ နှစ်ခြမ်းကွဲနေတာ မဟုတ်ကြောင်း ၇ှင်းလင်းပြောကြခဲ့ပါသည်။

ဆက်လက်ပြီးလည်း မြန်မာပြည်မှာ ခေတ်အဆက်ဆက်
အစိုးရက တိုင်းရင်းသားအပေါ် နိုင်ငံရေး ထိုးစစ်များ ဆင်လာတိုင်း တိုင်းရင်းသားများအနေနဲ့ ဖရိုဖရဲ ဖြစ်ရကြောင်း၊ သို့ဖြစ်ပါ ယခုအခါ လက်ရှိအစိုးရရဲ့ တိုင်းရင်းသား အဖွဲ့များအား နိုင်ငံရေးထိုးစစ်ဆင်လာမှုများကို သတိထားနေရကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။

-UNFCအနေဖြင့် လက်ရှိ မြန်မာအစိုးရအား....
(၁) ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် အဖွဲ့လိုက်နဲ့ ဦးသိန်းစိန်အစိုးရ တွေ့ဆုံဆွေးနွေးရေး
(၂)အပစ်အခတ် ရပ်စဲရေး လုပ်ကိုင်ရာတွင်လည်း တနေရာချင်း တနေရာချင်း အပစ်အခတ် ရပ်စဲရေးမျိုးမဟုတ်ဘဲ တနိုင်ငံလုံးရှိ တိုင်းရင်းသားဒေသများအား တပြည်လုံးအတိုင်းအတာအနေနဲ့ အပစ်အခတ် ရပ်စဲရေးကိုအစိုးရက တရားဝင် ကြေငြာပေးရေး
(၃)၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး….စတဲ့ အချက်(၃) ချက်ကို ဂျပန်ရောက်  ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံးအနေနဲ့ လက်ရှိ အစိုးရကို တိုက်တွန်း နှိုးဆော်ပေးကြပါရန်လည်း ပြောကြားသွားခဲ့ပါသည်။

ဆက်လက်ပြီး ကချင်တိုင်းရင်းသားအနေနဲ့ မြန်မာပြည်က အမှန်တကယ်ပင် ချစ်မြတ်နိုးကြောင်း၊ ကချင် တိုင်းရင်းသားများအနေနဲ့ ဗမာ စစ်တပ်နှင့် စတင်၍ တိုက်ပွဲဖြစ်ရခြင်း အကြောင်းရင်းများကို သမိုင်းအထောက်အထားများနှင့်တကွ
ရှင်းလင်း ပြောကြားခဲ့ပါသည်။ ယခုကဲ့သို့ ကချင်ဒေသကို ထိုးစစ်ဆင်နေရုံနဲ့ စစ်မှန်တဲ့ အဖြေတခု ထွက်ပေါ်မလာနိုင်ကြောင်းလည်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဂျပန်ရှိ  မြန်မာ့ ဒီမိုကရေစီ ကွန်ယက် NDB တွင် ပါဝင်သော အဖွဲ့အစည်းအသီးသီးတို့၏ တာဝန်ခံ ကိုယ်စားလှယ်များနှင့် လည်ကောင်း၊ တက်ရောက်လာသော ပရိသတ်များနှင့်လည်းကောင်း ဧည့်သည်တော်များက မိတ်ဆက်စကားပြောခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ပါသည်။
ထို့နောက် ဧည့်သည်လူကြီးများနှင့် တက်ရောက်လာကြသော ပရိသတ်များ တိုင်းရင်းသားအရေးနှင့် ပါတ်သက်၍ အပြန်အလှန် သိလိုသည်များကို  မေးမြန်းခြင်း၊ ဆွေးနွေးပြောကြားခြင်းများကို ပြုလုပ်ခဲ့ကြပြီး အခန်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
သတင်း.......အေးနန္ဒာအောင်

1 comment:

  1. မည်သို့ သောအကြောင်းပြချက်နှင့်မျှ သူပုန် အားလက်မခံနိုင်ပါ။

    ReplyDelete

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....