Wednesday, April 25, 2012

ရေလှူကြစို့

မိတ်ဆွေများရှင့်

သုံးခွမြို့နယ်အတွင်း ရေပြတ်နေသော ကျေးရွာ (၄၀) ကျော်သို့ရေလှူလိုသော အလှူရှင်များအနေဖြင့် သုံးခွမြို့နယ်၊မဟာမိတ်ကျေးရွာ၊ အုပ်ချုပ်ရေးမှူး ကိုဇော်မျိုးနိုင် ဖုန်း ၀၉၈၆၃၅၉၆၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

သုံးခွမြို့မှ မုတ္တမပင်လယ်ဘက်သို့ မိနစ် ၄၀ ကြာ ကားလမ်းအတိုင်းသွားလျှင် စစ်ကိုင်းစု ကျေးရွာသို့ ရောက်ရှိနိုင်ပြီး၊ ထိုစစ်ကိုင်းစုကျေးရွာမှ တလျှောက်လုံး မုတ္တမ ပင်လယ်အနီးကျေးရွာ အထိ ရေပြတ်လပ်နေခြင်းဖြစ်ပါတယ်။

အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်လှူဒါန်း နိုင်သလို၊ ကိုယ်တိုင်သွားရောက်လှူဒါန်းနိုင်ပါတယ်။

လေးစားခင်မင်လျက်ပါ။

မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....