Friday, April 20, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွှတ်တော်ကိုသပိတ်မှောက်ပြီ


by FNG on April 20, 2012
ဧပြီ လ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွှတ်တော်ကိုယ်စားလှယ်များက ယခုလ ၂၃ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေး ကို မတက်ရန် သပိတ်မှောက်လိုက်ပြီဟု FNG မှ သတင်းရရှိသည်။
လွှတ်တော်အစည်းအဝေး အစ တွင် ရွတ်ဆိုရမည့် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်
ဆိုတဲ့အစား .........
လေးစားလိုက်နာ ပါမယ်ဆိုတဲ့ အသုံးအနှုန်း ပြင်ရန်ကိစ္စအား ယမန်နေ့ က အခြေခံ
ဥပဒေခုံရုံးမှ ပယ်ချလိုက်ပြီးနောက် သပိတ်မှောက်ခြင်း ဖြစ်သည်။
ထိုအချက်အား ပြင်ပေးပါရန် NLD က သမ္မတဦးသိန်းစိန်ထံသို့  စာပေးပို့ထားသည်ဟု သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၃ နေရာ အနိုင်ရရှိသည့် NLD လွှတ်တော်ကိုယ်စားလှယ်များကို
လွှတ်တော်တက်ရောက်ဖို့  လွှတ်တော် ရုံးအဖွဲ့က တရားဝင် အကြောင်းကြားထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်း ကော့မှုးမြို့ နယ်
လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....