Tuesday, April 3, 2012

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ၀င်းကုန်းရွာ မီးလောင်မှု

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ၀င်းကုန်းရွာမှာ မတ်လ ၂၉ ရက်နေ့က မီးလောင်မှုဖြစ်ပွားပြီး တရွာ လုံးနီးပါး မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။ အဲဒီနေ့က ယင်းမာပင်အနိးက ပုလဲမြို့မှာ ရန်ကုန်က အနုပညာရှင်တွေ အဖွဲ့ချုပ်အတွက် မဲဆွယ်စည်းရုံးတဲ့အနေနဲ့ ကပြဖျော်ဖြေတာကို ရွာလုံးကျွတ်နီးပါး သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဒီ့အတွက် မွန်းလွဲ ၂ နာရီကျော်လောက်မှာ မီးလောင်မှူဖြစ်တာကို အချိန်မီ မငြိမ်းသတ်နိုင်ခဲ့ပါဘူး။ အခင်းဖြစ်ချိန်မှာ ပုလဲက မီးသတ်ကားအတော်များများ လာရောက် ငြိမ်းသတ်ခဲ့ပေမဲ့ ရာသီဥတုပူပြင်းတာကြောင့် တရွာလုံးနီးပါး ပြာကျခဲ့ပါတယ်။ အခုအခါ မီးဘေး ဒုက္ခသည်တွေကို ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း-ရန်ကုန်က ကျပ်သိန်း ၅၀ လှူဒါန်းဖို့ စီစဉ်ထား ကြောင်း သိရပါတယ်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....