Sunday, April 15, 2012

၂၀၁၂ တိုကျို အတာသင်္ကြန်ပွဲတော်


၂၀၁၂ ခုနှစ် ဧပြီလ(၁၅)ရက်။

(၂၁)ကြိမ်မြောက် မြန်မာရိုးရာ တိုကျို အတာသင်္ကြန်ပွဲတော်ကို ဧပြီလ(၁၅)ရက်နေ့ တိုကျိုမြို့  HIBIYA ပန်းခြံ မှာ နံနက် ၁၀း၃၀ နာရီ မှ ညနေ ၅း၀၀ နာရီအထိ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(LDB) မှ တာဝန်ယူဦးစီး၍ စည်းကား သိုက်မြိုက်စွာ ကျင်းပပြုလုပ် ခဲ့ပါသည်။
အတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအစီအစဉ်ကို နံနက် ၁၀း၃၀ နာရီမှာ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(LDB) ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးမှ  ဖဲကြိုးဖြတ် အခမ်းအနား ဖွင့်လှစ် ပေးပြီးသည့် နောက်မှာ မြန်မာလူမျိုးများအတွက် သင်္ကြန်ယိမ်း အကအလှများ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေမူ အစီအစဉ်များနှင့်အတူ အငြိမ့်အကနှင့် သင်္ကြန် သံချပ်များပါ တင်ဆက် သွားပါသည်။

တိုကျိုသင်္ကြန်ပွဲတော်တွင် ဖျော်ဖြေပွဲအပြင် မြန်မာပြည် အလွမ်းပြေ သင်္ကြန်မုန့်လုံးရေပေါ် မြန်မာတိုင်းရင်းသား ရိုးရာအစားအစာမျိုးစုံ စုံလင်စွာနဲ့ အမှတ်တရ ပစ္စည်း အရောင်းဆိုင်ခန်းများတို့ပါ တည်ခင်း ရောင်းချ ထားသည်ကိုတွေ့ ရပါသည်။

တိုကျို သင်္ကြန်ပွဲတော်တွင် ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဘွား မြန်မာတိုင်းရင်းသားများအပြင် ဂျပန်လူမျိုးများအပါအ၀င် နိုင်ငံခြားသားအချို့ပါ ပျော်ပျော်ပါးပါး ပါဝင် ဆင်နွဲတာကို တွေ့ရပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo
ဓါတ်ပုံမှတ်တမ်း ။ Lian Khan Sum

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....