Wednesday, March 14, 2012

လှည်းတန်း ခုံးကျော်တံတားတဲ့



လှည်းတန်းခုံးကျော် တံတားတည်ဆောက်ရန် မလွတ်ကင်းသည့် မြေအောက်ဝါယာနှင့် ရေမြောင်းများ ပြောင်းရွှေ့လိုက်ပြီ

လှည်းတန်းခုံးကျော်တံတား တည်ဆောက်နိုင်ရန် မြေအောက်ဝါယာ ကြိုးများနှင့်ရေမြောင်း
များ ပြောင်းရွှေ့ခြင်းကို ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း ရွှေတောင်ကုမ္ပဏီမှ စီအီးအို ဦးအောင်ဇော်နိုင်က ပြောသည်။
”မြေအောက်ဝါယာကြိုးနဲ့ ရေမြောင်းတွေကို ပြီးခဲ့တဲ့ စနေနေ့က ရှင်းလင်းပြီးပါပြီ။ မကြာခင် စတင်တည်ဆောက်မှာပါ” ဟု ၄င်းက လှည်းတန်းခုံးကျော် တံတား တည်ဆောက်ရန် ပန္နက်
တင်မင်္ဂလာပွဲ ပြုလုပ်ခဲ့သည့် ...

မတ်လ ၁ဝ ရက်နေ့ တွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
လှည်းတန်းခုံးကျော် တံတား တည်ဆောက်ရန် ဒီဇိုင်းကို စင်ကာ ပူနိုင်ငံမှ ပညာရှင်များနှင့်
မြန်မာအင်ဂျင်နီယာများ ပူးပေါင်း၍ ရေးဆွဲထားခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြော
သည်။

http://www.popularmyanmar.com/ မှဖေါ်ပြပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....