Tuesday, February 28, 2012

တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများကိစ္စသတင်းစာ ရှင်းလင်းပွဲ.


တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများ၏ ဥပဒေအကြောင်းအရ ဆောင်ရွက်သည့်ကိစ္စနှင့် အလုပ်သမားသမဂ္ဂဖွဲ့စည်းရေး ကိစ္စသတင်းစာ ရှင်းလင်းပွဲ..
http://www.demowaiyan.co.cc/2012/02/blog-post_28.html

တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများ၏ ဥပဒေအကြောင်းအရ ဆောင်ရွက်သည့်ကိစ္စနှင့် အလုပ်သမားသမဂ္ဂဖွဲ့စည်းရေး ကိစ္စသတင်းစာ ရှင်းလင်းပွဲအား ယနေ့ ရန်ကုန်မြို့ရွှေဂုံတိုင်ရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ နေ့လည်တစ်နာရီမှ ညနေ၄နာရီ အထိပြုလုပ်ခဲ့ပါတယ်..။

အလုပ်သမားတွေဘက်က လိုက်ပါဆောင်ရွက် ပေးနေတဲ့ ဦးခွန်မားနိုင်၊ ကိုပိုးဖြူနဲ့ ရှေ့နေအချို့ တက်ရောက်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်..။ သတင်းရက် သတ္တပတ် နှစ်ပတ်ကြာပြီဖြစ်တဲ့ တိုင်ရီစက်ရုံအလုပ်သမားအများစုမှ မနက်ဖြန်မှာလည်း ဆန္ဒထပ်ပြဖို့ရှိကြောင်း သိရှိရပါတယ်..။

စက်ရုံပိုင်ရှင်ဘက်မှ တနာရီ ကျပ်ငွေတစ်ရာသာ ပေးနိုင်ကြောင်း သတ်မှတ်ခဲ့ပါတယ်..။ အလုပ်သမားများဘက်မှာ တနာရီ ၁၅၀ကျပ်ထိ တိုးမြှင့် တောင်းဆိုနေပြီး အများစုမှ ဆက်လက် ဆန္ဒပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်..။ အရှေ့တောင် အာရှနဲ့ တောင်အာရှမှာ ရင်းနှီးမြုပ်နှံနေကြတဲ့ နိုင်ငံခြားကုမ္ပဏီများမှ ပေးတဲ့ လခလုပ်စာ ဇယားအရ မြန်မာနိုင်ငံဟာ အနိမ့်ဆုံး လုပ်အားခရရှိတဲ့ နိုင်ငံစာရင်းမှာ ပါဝင်ပြီး မြန်မာပြည်ရဲ့ အထက်မှာတော့ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံများဖြစ်ကြပြီး မလေးရှားနိုင်ငံကတော့ လုပ်အားခ အများဆုံးနိုင်ငံတွေမှာ ပါဝင်ပါတယ်..။ မြန်မာပြည်ရဲ့ အလုပ်သမားများရဲ့ လုပ်အားခ အလုပ်သမားတွေရဲ့ နစ်နာမှုကို ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး အလုပ်သမားသမဂ္ဂကို ဖွဲ့စည်းနိုင်ရန်လည်း စီစဉ်နေကြောင်းသိရသည်။

ဓာတ်ပုံ သတင်း ဇော်တူး၊ ဒီမိုဝေယံ

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....