၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၆)ရက်။
လက်ရှိ ဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ "မြန်မာ့အရေး" ဆွေးနွေးပွဲ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ့မှ ဦးစီး၍ တိုကျို Toshima-ku Komagome Community Calture Hall 4F, မှာ ယနေ့ နံနက်ပိုင်းမှာ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် လက်ရှိဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး အခြေအနေများ၊ ဂျပန်အစိုးရ၏ ပြောင်းလဲလာသည့် ဆက်ဆံရေး မူဝါဒများနှင့် ပေးအပ်တော့မည့် ODA အကူအညီများ ပတ်သက်၍ မိမိတို့၏ ရပ်တည်ချက် သဘောထားများ အမြင်အများ၊ ကြားဖြတ် ရွေးကောက်ပွဲ အောင်နိုင်ရေး အထောက်အကူပြု လုပ်ငန်းများနှင့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်သွားကြမည့် လုပ်ငန်းစဉ်များတို့ကို ဆွေးနွေး ခဲ့ကြပါသည်။ ယနေ့ ဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံသို့ ခေတ္တ ရောက်ရှိနေသော ABSDF ပထမဆုံး ဥက္ကဌ ဦးထွန်းအောင်ကျော်မှလည်း တက်ရောက် ဆွေးနွေး သွားခဲ့ကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်းဓါတ်ပုံ ။ Moe Min Thu
သတင်းမှတ်တမ်းဓါတ်ပုံ ။ Moe Min Thu



No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်