Saturday, January 14, 2012

Free Min Ko Naing Now Group အတွက် ကိုမင်းကိုနိုင်၏ အမှာစကား

by Ma Nandar on Saturday, January 14, 2012 at 3:16am
ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အတွက် လွတ်မြောက်ရေးအတွက် စိတ်စေတနာဖြူစင်စွာဖြင့် ဝေဖန်ကဲ့ရဲ့ လှောင်ပြောင်မှုများကို လစ်လျှူရှု့ ကြံ့ကြံ့ခံကာ ဇွဲစိတ်ဓါတ်အပြည့်ဖြင့် နေ့စဉ်မပြတ် တောင်းဆိုမှုများ၊ ဆုတောင်းမှုများ ပြုလုပ်ပေးခဲ့ကြသော Free Min Ko Naing Now Group (https://www.facebook.com/groups/freepoliticalprisoners/)မှ အဖွဲ့ဝင်မျာားးလုံးအတွက် လူထုခေါင်းဆောင် တဦးဖြစ်သော ကိုမင်းကိုနိုင်က ထောင်မှလွတ်မြောက်လာသော (၂၀၁၂.ဇန်နဝါရီလ.၁၃)နေ့ည သန်းခေါင်အချိန်တွင် အောက်ပါ စကားကို တယ်လီဖုန်းဖြင့် ပြောကြားပေးလိုက်ပါသည်။

မျိုးဆက်ဟောင်းခွပ်ဒေါင်းတွေပြန်လာပြီ
မျိုးဆက်သစ်ခွပ်ဒေါင်းတွေအတွက်
ဒေါင်းအိုးဝေ သီချင်းသင်ပေးမလို့ 

( မင်းကိုနိုင် ခေတ္တ ပြည်မြို့ )
၁၃. ဇန်န၀ါရီ သန်းခေါင် ၁၂နာရီ မြန်မာစံတော်ချိန်)

ဆက်သွယ်မှု အခက်အခဲကြောင့် ကိုမင်းကိုနိုင် အသံကို ယခုလောလောဆယ် မကူးယူနိုင်သေးသော်လည်း ကိုမင်းကိုနိုင်ပြောသောစကားကို လိုက်လံရေးမှတ်၍ ပြန်လည်ဖေါ်ပြပေးလိုက်ပါသည်။ များမကြာမီ ကာလအတွင်း၌လည်း ဤgroupမှ...
ကျန်ရှိနေသေးသော ယုံကြည်ချက် အကျဉ်းသားများ အကုန်အစင် လွတ်မြောက်ရေး တောင်းဆိုမှုများကို ကိုမင်းကိုနိုင် လာရောက်၍ အားပေးလိမ့်မည်ဟု ယုံကြည်မိပါသည်။

Free Min Ko Naing Now Group အဖွဲ့သားများ

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....