Wednesday, January 11, 2012

စစ်ကျွန်ဘ၀လွတ်မြောက်ရေး(တေးထပ်)

မြန်မာပြည် ကံအခြေနုပ်
ခံမြေကတုတ် စစ်အမှန်
အမှန်မသွေအဟုတ် ညစ်ပြန်တယ်
စစ်ဒဏ်ကညစ်လွှမ်း။

အာဏာရှင် လက်အောက်
ပြားပြားမှောက် ကြောက်ရစတမ်း။

ပြည်သူတိုင်းအခက်ကြုံ
သက်လုံအောင်ကြိုးပမ်း။

ဘက်စုံအောင် ရှည်လမ်းသို့
သေလမ်းပို့ကြပြန်တယ်။

စစ်နွံမှာ ကျွံကာနစ်
ကျွန်မသာဖြစ်ဖို့ ရှောင်မလွယ်။

ရွံစရာအစစ်မို့ လွတ်ကြောင်းကြံ
ခွပ်ဒေါင်းအလံ အမှန်ထူပြီး
ရန်သူအစစ်တွေ ခါပစ်ကြလေ
မြန်မာပြည် သာရစ်လေအောင်
လာချစ်ဆွေ တော်လှန်ကွဲ့လေး။

(လမ်းပြကြယ်-ဂျပန် အေးနန္ဒာအောင် ကိုယ်တိုင်ဖန်တီးချက်ပုံကိုကဗျာစပ်ပါသည်)
ကိုကိုအောင်(ဆန်ဖရန်စစ္စကို) ၀၉-၁၈-၂၀၁၁

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....