Sunday, January 15, 2012

ဗမာ့နိုင်ငံရေး ဆွေးနွေးပွဲ (ဂျပန်)

အသံဖိုင်.... ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး အသင်း၊ Burma’s Refugees Serving Association-BRSA (Japan) မှ ပြုလုပ်သော ဗမာ့နိုင်ငံရေးဆွေးနွေးပွဲ ကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ယနေ့၂၀၁၀ခု၊ ဇန်နဝါရီလ၊၁၅ရက်နေ့ ညနေ ၅နာရီ၃၀မိနစ်မှ ည ၉နာရီအထိ ကျင်းပခဲ့ပါသည်။ အခန်းအနားတွင် BRSAအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဂျပန်လူမျိုး OTAKI KIEKO SAN မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတဦးဖြစ်သော ဦးကျော်ကျော်စိုးမှ ဗမာ့နိုင်ငံရေးနှင့် ပါတ်သက်၍ ဆွေးနွေးရှင်းလင်းပြောကြားသွားပါသည်။ထို့နောက် ၈၈ မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်သော ကိုဘုန်းမြင့်ထွန်းမှ ၈၈မျိုးဆက်ကျောင်းသားများ၊ ၂၀၀၇ ဗကသကျောင်းသားများနှင့် လက်ရှိ မြန်မာပြည်တွင်းမှ လူငယ်များ၏ အင်အား လှုပ်ရှားမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ၂၀၀၇ရွှေဝါရောင် တော်လှန်ရေးတွင် ဖမ်းဆီးခံခဲ့ရပြီး ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ၊၁၃ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာသော ၂၀၀၇မျိုးဆက်ကျောင်းသား ကိုကျော်ကိုကိုနှင့် တယ်လီဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်ပြီး မည်သို့မည်ပုံ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများပြောကြားများကို ဆွေးနွေးမေးမြန်း ခဲ့ကြပါသည်။ဆက်လက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ တာဝန်ရှိသူတစ်ဦး ဖြစ်သူကိုသောင်းမြင့်ဦးမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ ဦးသန်းဆွေက မြန်မာ့ဒီမိုကရေစီရေး သမိုင်းကြောင်းကို ဆွေးနွေးတင်ပြခဲ့ပါသည်။ထို့နောက် ပုမ္ပညကာရီ မွန်အမျိုးသားများကိုယ်စား ဦးမင်းမျိုးချစ်က ဗမာနှင့် တိုင်းရင်းသားများနှင့် ပါတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ထို့နောက် မြန်မာ့နိုင်ငံရေးနဲ့ပါတ်သက်ပြီး တက်ရောက်လာသူများမှ တဦးချင်းဆွေးနွေးလိုသည်များကို ဆွေးနွေးခဲ့ကြပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....