ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသော ၈၈ ကျောင်းသားများသည် သက်ဆိုင်ရာ
အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာပြီးသည့်နောက်
မိမိတို့ယုံကြည်ချက်အတိုင်း
ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ဆက်လက်ချီတက် လျှောက်လှမ်းကြမည်ဖြစ်သည့်အ
တွက် အကျဉ်းထောင်အတွင်း ခံစားခဲ့ရသော ကျန်းမာရေးဝေဒနာများကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရ
ှိ သုခကုသိုလ်ဖြစ်ဆေးခန်း၌ အသီးသီးလာရောက်၍ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
၂၄.၁.၂၀၁၂ ရက်နေ့ နေ့လည် (၁း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ ကိုသက်နွယ်
အသက် (၅၄)နှစ်၏ ရုပ်အလောင်းအား မီးသင်္ဂြိုလ်ခြင်း အခမ်းအနားကို ၈၈
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်အဖွဲ့သ
ည် သွားရောက်ခဲ့ပြီးသည့်နောက် မြောက်ဒဂုံမြို့နယ်ရှိ ဝဋ်ကြွေးတော်ပြေ ဆရာတော်ကြီးအားသွားရောက်ဖူး
မြော်ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)န
ှင့် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်၍ လေ့လာခဲ့ကြသည်။ ဥက္ကဋ္ဌ ဦးကျော်သူနှင့်
တွေ့ဆုံစကားပြောဆိုပြီးသည့်
နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)ရ
ှိ လုပ်ငန်းဆောင်ရွက်မှုများအား
လိုက်လံရှင်းလင်းပြသခဲ့ကာ သုခကုသိုလ်ဖြစ်ဆေးခန်းတွင်
အချိန်မအားလပ်သည့်ကြားမှ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည်
သွေးဖောက်၍ ကျန်းမာရေးစစ်ဆေးမှုကို ခံယူခဲ့သည်။ ကိုမင်းကိုနိုင်
သွေးဖောက်စစ်ဆေးစဉ် ဥက္ကဋ္ဌ ဦးကျော်သူမှ “ကိုပေါ်ဦးရဲ့သွေးက
ကျွန်တော်တို့ထက်ရဲတယ် .. ဟေ့” ဟု ပြောကြားခဲ့ရာ အဖွဲ့သား အားလုံးတို့အတွက်
အားဆေးတစ်ခွက် တိုက်ကျွေးခဲ့ရသလို ဖြစ်တော့သည်။
ကျန်းမာရေးစစ်ဆေးရန် ကျန်ရှိသော ၈၈ ကျောင်းသားအဖွဲ့များအားလည်း
မိမိတို့ အားလပ်သည့် နေ့ရက်၊ အချိန်များတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရ
ှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်၍ သွေးဖောက်ခြင်း၊ ECG၊ Ultra Sound၊ ဓါတ်မှန်ရိုက်ကူးခြင်းတို့အ
ပြင် သက်ဆိုင်ရာဆရာဝန်ကြီးများနှ
င့် ဆေးဝါးကုသမှုများကိုလည်း ပြုလုပ်ပေးလျှက်ရှိပါသည်။
by.........
Kyaw Thu
No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်