Friday, January 13, 2012

ဒီလိုကြားရပါသည်။

နှစ်ရှည်ထောင်ဒဏ်ကျခံရာမှ တောင်ငူအကျဉ်းထောင်မှ လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသား ဦးဇော်ဇော်မင်းက ထောက်လှမ်းရေးဝန်ထမ်းဟောင်းများမှာ ယခင်လိုမဟုတ်တော့ကြောင်း 7Day News ၏ မေးမြန်းမှုကို ဖြေကြားသည်။ နိုင်ငံရေးသမားနှင့် ထောက်လှမ်းရေးတို့မှာ ဆန့်ကျင်ဘက်အဖွဲ့အစည်းများဖြစ်ခဲ့သော်လည်း ထောင်အတွင်းတွင်မူ ခြင်းလုံးအတူခတ်ဖြစ်ကြောင်း၊ ၄င်းနှင့်ထောင်အတူကျသော ထောက်လှမ်းရေးအရာရှိဟောင်းများမှာ အရင်လိုမဟုတ်တော့ကြောင်း ပြောကြားခဲ့သည်။ ဦးဇော်ဇော်မင်းက သူ၏သားဖြစ်သူ ဒီငြိမ်းလင်းနှင့် တွေ့ဆုံစကားပြောလိုကြောင်း ထောင်မှ ထွက်လာပြီးပြောကြားခဲ့သည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....