Thursday, December 1, 2011

စီးပွားရေးပိတ်ဆို့မှု၊ နိုင်ငံရေး အကျဉ်းသားအရေးနှင့် တရုတ်-မြန်မာ ဆက်ဆံရေးတို့နှင့် ပတ်သက်ပြီးMiss Hillary Clinton ၏ ဖြေဆိုမှုများ

by Eleven Media Group on Thursday, December 1, 2011 at 10:03pm
စီးပွားရေးပိတ်ဆို့မှု၊ နိုင်ငံရေး အကျဉ်းသားအရေးနှင့် တရုတ်-မြန်မာ ဆက်ဆံရေးတို့နှင့်
ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သော
ဟီလာရီ၏ ပြောစကားများကို ဆက်လက်ဖော်ပြပါသည်။ မေးခွန်းမေးမြန်းခြင်းကို
အမေရိကန်တာဝန်ရှိသူများမှ စီစဉ်ခဲ့ခြင်းဖြစ်ပြီး သတင်းစာရှင်းလင်းပွဲ မစတင်မီ
နာရီပိုင်းအလိုက ကြိုတင်ရယူခဲ့သော မေးခွန်းများကိုး မေးမြန်းစေခဲ့ခြင်း ဖြစ်ပါသည်။
ထိုသို့ မေးမြန်းရာတွင် အမေရိကန်နိုင်ငံခြား သတင်းထောက်နှစ်ဦးနှင့်အတူ မြန်မာတိုင်း(မ်)နှင့်
The Voice ဂျာနယ်တို့မှ မေးမြန်းခွင့်ရရှိခဲ့ပါသည်။ သတင်းထောက်များ မေးမြန်းခဲ့သည်များ
အနက် ဖြေကြားမှုအချို့ကို ကောက်နှုတ်ဖော်ပြပါသည်။
 

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ်။


စီးပွားရေး ပိတ်ဆို့မှုအတွက် အဆင်သင့်မဖြစ်သေးကြောင်းနှင့်
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တိုက်တွန်း

သမ္မတနဲ့နိုင်ငံရေးအကျဉ်း သားလွှတ်ဖို့ကိစ္စနဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှု
ကိစ္စနှစ်ရပ်လုံးကို ကျွန်မတို့ဆွေးနွေးခဲ့ကြပါတယ်။  ဒါဟာကျွန်မတို့ရဲ့ဆွေးနွေးမှုမှာ

အရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်။

ကျွန်မတို့အနေနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးဖို့ကိုတောင်း
ဆိုပါတယ်။ ဘယ်နိုင်ငံမှာမဆို  နိုင်ငံရေးအကျဉ်းသား တစ်ဦးတစ်ယောက်
တည်းရှိတာတောင်လွန်လွန်းလှပြီလို့ ကျွန်မတို့ယူဆပါတယ်။ မြန်မာနိုင်ငံမှာ
ယုံကြည်ချက်ကြောင့်အကျဉ်း ကျခံနေရသူတွေရှိတာ တွေ့ရပါ တယ်။
နိုင်ငံရေးအကျဉ်းသားနှစ်ရာ ကို အောက်တိုဘာထဲမှာ လွှတ်ပေးခဲ့တာကို
ကျွန်မတို့ ကြိုဆိုပါတယ်။ နိုင်ငံရေးအကျဉ်းအားလုံးလွှတ်ပေးဖို့ကို
ကျွန်မတို့ထပ်လောင်းတောင်း ဆိုပါတယ်။ ကျွန်မတို့အနေနဲ့ တစ်ချို့
ခြေလှမ်းတွေကို ယူနိုင်ဖို့ရာ ဒီဟာကိုလုပ်ဆောင်ဖို့အရေးကြီးပါ တယ်။

နိုင်ငံရေးအကျဉ်းသားတွေ  လွှတ်ပေးရေးဟာ မြန်မာအစိုးရရဲ့ ဒီမိုကရေစီနဲ့
လူ့အခွင့်အရေး ဖော်ဆောင်မှု၊အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးမှာ
အရေးကြီးတဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်။ ဒီဖော်ဆောင်မှုဟာ ခက်ခဲတယ်ဆိုတာကို
ကျွန်မတို့နား လည်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတမှာ
လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာကို နားလည်ပါတယ်။ ဒါကို ကျွန်မတို့
ဒီနေ့ဆွေးနွေးရာမှာလည်း လွှတ် တော်ဥက္ကဋ္ဌတွေနဲ့အပြင်သမ္မတနဲ့လည်း
ဆွေးနွေးခဲ့ပါတယ်။  အခုလိုအကျဉ်းသားတွေ လွှတ်ပေးရေးကိုလည်း
မကြာမီအနာဂတ် အတွင်းမှာဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့
ကျွန်မတို့မျှော်လင့်ပါတယ်။

ကျွန်မအနေနဲ့ တရားဝင်ပြောကြား လိုတာကတော့ ဒီနေ့ ကျွန်မ လာရောက်တဲ့
ခရီးစဉ်ဟာ နှစ်နှစ် တာကာလအတွင်း ကျွန်မတို့ လုပ် ဆောင်ချက်တွေကို
ပြန်ပြောင်းတာ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ကိုယ်စားလှယ်အဖွဲ့တွေ
မြန်မာနိုင်ငံ ကိုသွားရောက်တာ အနည်းဆုံး အကြိမ်နှစ်ဆယ်ရှိပါတယ်။ သူတို့ တွေရဲ့
ကြိုးပမ်းမှုလည်းပါပါတယ်။  ကျွန်မတို့အနေနဲ့ ၂၀ဝ၉ခုနှစ်က မြန်မာနိုင်ငံအပေါ်
ထားရှိတဲ့မူဝါဒကို  ပြန်လည်သုံးသပ်ခဲ့ပါတယ်။ ကျွန်မ တို့အနေနဲ့
အပြောင်းအလဲကို မြင်လိုပါတယ်။ အထူးသဖြင့် လူထုအားလုံးအတွက်ဖြစ်ပါတယ်။
ဒီလမ်းကြောင်းကိုရောက်ရှိဖို့အတွက် ကျွန်မတို့ ကြိုးပမ်းနေပါတယ်။
နောက်ဆုံးဒီဆုံးဖြတ်ချက်ရရှိတဲ့အထိ ရောက်အောင်လည်း
ကျွန်မတို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

မြန်မာသမ္မတနဲ့ဆွေးနွေးခဲ့ရာမှာ  ပြီးခဲ့တဲ့ ခြေလှမ်းတွေကို ဆွေးနွေးခဲ့ပါတယ်။
ဒီခြေလှမ်းတွေဟာ စစ်မှန် ဖို့အရေးကြီးပါတယ်။ ဒါ့အပြင် ကျွန်မတို့အနေနဲ့
တိုင်းရင်းသား လူနည်းစုတွေ၊နိုင်ငံရဲ့အတိုက်အခံအုပ် စုတွေနဲ့ဆွေးနွေးပြီးတော့
အားလုံးအာမခံချက်ရရှိဖို့ကို ကျွန်မတို့ ကြိုးစားမှာဖြစ်ပါတယ်။

ကျွန်မတို့အနေနဲ့ အရေးယူပိတ်ဆို့ မှုတွေကို ရုပ်သိမ်းပေးဖို့အဆင်သင့်
မဖြစ်သေးပါဘူး။  လက်ရှိကျင့်သုံး နေတဲ့မူဝါဒကို  ပြုပြင်ပြောင်းလဲဖို့ က
လေ့လာရဦးမှာ  ဖြစ်ပါတယ်။ ဒါပေမဲ့လို့ အစိုးရရဲ့ခြေလှမ်းတွေကို  သေချာစွာ
လေ့လာပြီးတော့  ကျွန်မအနေနဲ့ တုန့်ပြန်မှာဖြစ်ပါ တယ်။ နိုင်ငံရေး
ပြုပြင်ပြောင်းလဲမှုတွေကို ကြည့်ပြီးတော့ စီးပွားရေး ပိတ်ဆို့မှုတွေကို
စဉ်းစားပေးမှာ ဖြစ်ပါတယ်။ဒါဟာ အပြောပဲ မဟုတ်ဘဲနဲ့ လက်တွေ့
ဖော်ဆောင်ဖို့ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေကို အကဲဖြတ်လေ့လာပြီးတော့
ကျွန်မတို့အနေနဲ့ ဘက်စုံကနေပြီးတော့  ကြိုးပမ်းပြီးတော့ ဒီပြုပြင်ပြောင်းလဲမှု များကို  လေ့လာမှာဖြစ်ပါတယ်။ 
 
ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်နှင့် တွေ့ဆုံစဉ်

တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် အကောင်းမြင်

ကျွန်မတို့ အစိုးရသစ်နဲ့ ဆွေး နွေးညှိနှိုင်းမှု တစ်လျှောက်လုံး
အပြုသဘောဆောင်တဲ့ အပြောင်းအလဲ တွေမြင်ဖို့ပါ။ ဆယ်စုနှစ်တစ်ခု ကြာလောက်က
စပြီး နိုင်ငံရေး ကုလားဖန်ထိုးသူတွေရဲ့  ပုံဖော်မှုကြောင့် အမေရိကန်နဲ့ တရုတ်နိုင်ငံရဲ့
ဝမ်းနည်းစရာ ကောင်းလှတဲ့ ဆက်ဆံရေး သမိုင်းကိုလည်း နိုင်ငံတကာကများစွာ
စိတ်ဝင်စား စေခဲ့တယ်။ ဒါပေမယ့် အခုအချိန်မှာ တော့ အပြောင်းအလဲတွေ
ဖြစ်နေခဲ့ပြီး ဖြစ်သလို ပြောင်းလဲမှုတွေ ဖြစ် နေတယ်လို့လဲပြောလို့ရတယ်။
ကျွန်မတို့ဟာနိုင်ငံတိုင်းကိုပဋိပက္ခတွေ ကိုသာ ဖြစ်ပွားစေတဲ့နိုင်ငံတော့ မဟုတ်ပါဘူး။
ထောက်ပံ့မှုကိုသာပေး ရုံသက်သက်ပါ။ အမြဲတမ်းလိုလို တရုတ်နဲ့
အာရှ- ပစိဖိတ်ဒေသအရေး ဆွေးနွေးတိုင်းလည်း မြန်မာ့အရေးကို
အမြဲ ပါဝင်ထည့်သွင်းပြောကြားမြဲပါ။ အခု အစိုးရသစ်နဲ့သီခြား
တွေ့ ဆုံဆွေးနွေးတဲ့အခါမှာလည်း မြန်မာ့အရေးကို
အပြုသဘောဆောင်တဲ့ ဆက်ဆံရေးနဲ့ တည်ဆောက်နေကြတဲ့ တရုတ် အပါအဝင်
အခြားအိမ်နီးချင်းနိုင်ငံ တွေက စိတ်ဝင်စားတယ်ဆိုတာ အများကြီးကို ကြိုဆိုပါတယ်။
ကျွန်မတို့ စဉ်စားတယ်။ တရုတ်နိုင်ငံက စိတ်ဝင်စားရင် ကျန်တဲ့ နိုင်ငံတွေလည်း
စိတ်ဝင်စားမှာပဲ။ ကျွန်မထင်ပါတယ်။ တစ်ဦးတည်းနဲ့ သူငယ်ချင်း ဖြစ်တာထက်
သူငယ်ချင်း မိတ်ဆွေ အများကြီးရှိနေတဲ့ အခါ ဘယ်လိုပဲ ယှဉ်ပြိုင်မှုတွေရှိနေပါစေ
အကျိုးဖြစ် ထွန်းတာဒီနိုင်ငံပါပဲလို့ မြင်ပါတယ်။

ရလဒ်ကောင်းမျှော်လင့်

ဒီနေ့လို အစိုးရသစ်နဲ့ ပထမဆုံးအကြိမ်တွေ့ဆုံမှုအရ ကောင်းမွန်တဲ့
အခွင့်အရေးတွေ ရှိနေပြီ ဆိုတာတွေ့ခဲ့တယ်။ ပြီးတော့ နိုင်ငံမှာ
ပြုပြင်ပြောင်းလဲမှုတွေအတွက် လိုအပ်တဲ့အဆင့်တွေကို
ဆောင်ရွက်နိုင်ဖို့ အမေရိကန်နိုင်ငံ ကိုယ်စား ကျွန်မက မျှော်လင့်ပါတယ်။
ဒီမှာ ထပ်ပြီး ဖြေရှင်းရမယ့် အဆင့်တွေဖြစ်တဲ့ ကြားဖြတ် ရွေးကောက်ပွဲ
ကျင်းပရေးကိစ္စ နိုင်ငံရေးအကျဉ်းသား ထောင်ကျော် ကျန်ရှိနေသေးတဲ့ကိစ္စ၊
တိုင်းရင်းသားအရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး
ကိစ္စတွေမှာ ဘယ်လောက်အထိဖြစ်လာမလဲဆိုတာ
ကျွန်မတို့မျှော်လင့်ထားပါတယ်။

 
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံစဉ်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....