Sunday, December 25, 2011

ပြည်တွင်းရှိ ဧရာဝတီ ဦးဝင်းချိုက သမ္မတဦးသိန်းစိန်အား ပြောလို့ရသည့်နေရာမှ ဤသို့ ပြောလိုက်ပါသည်။

ဧရာဝတီ မြစ်ဆုံတွင် ရေကာတာ တည်ဆောက်ခြင်းအား ကန့်ကွက်ကြောင်းကို ပြည်တွင်းနေ၍ သတ္တိရှိစွာ၊ ရဲဝံ့စွာဖြင့် သက်ဆိုင်ရာ အစိုးရကိုပြောကြားခဲ့သူ အန်ကယ်ဦးဝင်းချိုသည် ယခုတကြိမ်တွင်လည်း နိုင်ငံရေး အကျဉ်းများနှင့် ပတ်သက်၍ အစိုးရဘက်မှ မူမမှန်သည့် အရိပ်အယောင်များပြနေပါသဖြင့် သမ္မတဦးသိန်းစိန်အား ယခုကဲ့သို့ internet on lineရှိ Face Bookမှ တဆင့် ရဲဝံ့စွာ မိမိအမြင်နှင့် ဆန္ဒသဘောထားများကို ထုတ်ဖေါ်လိုက်ပါသည်။


သမ္မတကြီးခင်ဗျား ။ ဦးစားပေးအကြောင်းအရာအလိုက်တင်ပြပါရစေခင်ဗျား။
နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက်တောင်းဆိုမှုများဟာ လွန်ခဲ့ တဲ့ နှစ်ပေါင်း(၂၀)ကျော်ကတည်းက အစဉ်တစိုက် တောင်းဆိုလာခဲ့ တဲ့ အကြောင်းအရာ ဖြစ်သလို သမ္မတကြီး တာဝန်စတင် ထမ်းဆောင်တဲ့ အချိန် နဲ့ တွက်ခဲ့ ရင်လည်း.....
ယနေ့ အထိ စဉ်ဆက်မပြတ် တောင်းဆိုခဲ့ တယ်ဆိုတာ ကိုတွေ့ ရှိရမှာပါ။ ပြည်တွင်းနေ ပြည်သူများပါမက နိုင်ငံတကာခေါင်းဆောင်များပါ တောင်းဆိုခဲ့ ၊
တောင်းဆိုဆဲ ဖြစ်ပါတယ်။ အဲဒီ နိုင်ကျဉ်းလွတ်မြောက်ရေးအတွက် ဘယ်သူမှာတာဝန်ရှိသလဲ။ဘယ်သူ့ကို ဦးတည်ပြီးတောင်းဆိုရမယ် မသိတဲ့ အခါမှာ ကျနော်တို့ ပြည်သူများဟာ သမ္မတကြီးခင်ဗျား လို့ လိပ်မူရပြန်ပါတယ်။
ဒီထက်ပိုဆိုးပြီး ဘ၀င်မကျနိုင်တဲ့ အကြောင်းကတော့  ပြည်ထောင်စု ၀န်ကြီး တစ်ယောက် က ဇန်န၀ါရီလ (၄)ရက်နေ့ မှာ လွှတ်မယ် လို့ ပြောတဲ့ အကြောင်း သတင်းဌာန တစ်ခု က ဖေါ်ပြပြီးမကြာခင်မှာဘဲ အမျိုးသားလွှတ်တော်ဥက္ကဌ က ကာ/လုံ ကောင်စီထံ တင်ပြလျှင်
သဘောတူမှာဖြစ်ပါတယ်ဆိုတဲ့  အကြောင်း ထပ်မံသိရှိရပြန်ပါတယ်။“တာဝန်”နဲ့  “လုပ်ပိုင်ခွင့် ”အတွက်ပါ သမ္မတကြီးခင်ဗျား။ ကျနော်တို့  နိုင်ငံရဲ့  အုပ်ချုပ်ရေးအာဏာပိုင်တွေ ထုတ်ပြန်တဲ့  သတင်းကို ပြည်သူတွေ ယုံကြည်ပါရစေခင်ဗျား။ ပြည်သူတွေ အတုယူပြီး လေးစား အားကျရတဲ့  တာဝန်ရှိပုဂ္ဂိုလ်များဟာ ကျနော်တို့ ကို ထိန်းသိမ်းစောင့် ရှောက်ရင်း နိုင်ငံတော်ကို “စည်းကမ်းပြည့် ဝသော ဒီမိုကရေစီ”နိုင်ငံတော် အဖြစ် ဦးဆောင်ခေါ်ယူသွားမယ်လို့ ကျနော်တို့ မျှော်လင့် ပါရစေခင်ဗျား။

(ဆက်လက်ရေးသားပါရစေခင်ဗျား) ဦးဝင်းချို ၀၉-၇၃၂၀၆၈၃၈

1 comment:

  1. Don't forget, our country (Burma) is still control by military system Government. That government is only want to Asian Chairman. Becareful for all.

    ReplyDelete

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....