အေးနန္ဒာအောင်ဆွဲတဲ့ပုံတွေကိုဓါတ်စာကျလွန်းလို့ ဒီကဗျာကိုရေးမိပြန်ပါပြီ အ၀ီစိငရဲပြည် လိုက်ကြမလားလေ (အဖေါ်ခေါ်နေတဲ့အာဏာရှင်များသို့) အမေရိကန်လည်းအဆင်ပြေ တရုတ်လည်းအိုကေ အခြေနေကောင်းတဲ့အာဆီယံလမ်းကြောင်းပေါ်မှာဥက္ကဌ သရဖူလည်းဆောင်းပြီးပြီဆိုတော့မူဟောင်းနဲ့လူဟောင်း အ၀တ်စားပြောင်းရုံနဲ့လူကောင်းလုပ်လို့ ရပဟေ့လို့အာတွေ့ လျှာတွေ့ ကျေးဇူးတွေအကုန်မေ့ဘုံဓလေ့မှာ ကြုံတွေ့လာရယ်စရာကောင်းလိုက်ပေတာ။ဘုရားပြီး ငြမ်းဖျက်သွေးထွက်အောင်မှန်တဲ့စကား(သြော် အခုတော့)ငြမ်းတွေအားလုံးသွေးဖုံးနေပါရောလားအေးနန္ဒာအောင်ရဲ့စကားတစ်ထပ်ထဲကျနေပါပေါ့လား။မဟုတ်တဲ့နေရာမှာ ငါဆရာပညာတွေအတတ်မှားဒေ၀ဒတ်လို အမှတ်မှားနေရင်တော့လပ်လျားလပ်လျားနဲ့တစ်တပ်တစ်အား သွားရမှာကအ၀ီစိ ငရဲပြည် လိုက်ကြမလားလေ။ကိုကိုအောင်(ဆန်ဖရန်စစ္စကို) ဒီဇင်ဘာ ရ ၂၀၁၁
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။လေးစားစွာဖြင့်အေးနန္ဒာအောင်
အေးနန္ဒာအောင်ဆွဲတဲ့ပုံတွေကိုဓါတ်စာကျလွန်းလို့ ဒီကဗျာကိုရေးမိပြန်ပါပြီ
ReplyDeleteအ၀ီစိငရဲပြည် လိုက်ကြမလားလေ
(အဖေါ်ခေါ်နေတဲ့အာဏာရှင်များသို့)
အမေရိကန်လည်းအဆင်ပြေ
တရုတ်လည်းအိုကေ
အခြေနေကောင်းတဲ့
အာဆီယံလမ်းကြောင်းပေါ်မှာ
ဥက္ကဌ သရဖူလည်းဆောင်းပြီးပြီဆိုတော့
မူဟောင်းနဲ့လူဟောင်း အ၀တ်စားပြောင်းရုံနဲ့
လူကောင်းလုပ်လို့ ရပဟေ့လို့
အာတွေ့ လျှာတွေ့ ကျေးဇူးတွေအကုန်မေ့
ဘုံဓလေ့မှာ ကြုံတွေ့လာ
ရယ်စရာကောင်းလိုက်ပေတာ။
ဘုရားပြီး ငြမ်းဖျက်
သွေးထွက်အောင်မှန်တဲ့စကား
(သြော် အခုတော့)
ငြမ်းတွေအားလုံး
သွေးဖုံးနေပါရောလား
အေးနန္ဒာအောင်ရဲ့စကား
တစ်ထပ်ထဲကျနေပါပေါ့လား။
မဟုတ်တဲ့နေရာမှာ ငါဆရာ
ပညာတွေအတတ်မှား
ဒေ၀ဒတ်လို အမှတ်မှားနေရင်တော့
လပ်လျားလပ်လျားနဲ့
တစ်တပ်တစ်အား သွားရမှာက
အ၀ီစိ ငရဲပြည် လိုက်ကြမလားလေ။
ကိုကိုအောင်(ဆန်ဖရန်စစ္စကို) ဒီဇင်ဘာ ရ ၂၀၁၁