Monday, November 7, 2011

ဝိုင်းဝန်း လက်မှတ်ရေးထိုး၊ တောင်းဆိုကြမယ့် လှုပ်ရှားမှု

                                        ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသူ၊နိုင်ငံသားများခင်ဗျား
အမိမြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အစဉ်ပြေ ချောမွေ့စေရန်နှင့် စစ်မှန်သော ဒီမိုကရေစီ ပန်းတိုင်သို့ အရောက် လှမ်းနိုင်ဖို့အတွက်
၁။   ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရတဲ့၊ ကျန်ရှိ နေသေးသော နိုင်ငံရေး အကျဉ်းသား အားလုံးအား ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့
၂။  မလွှတ်ခင် အကျဉ်းထောင်တွင်း ရှိနေစဉ်၊ ၎င်းတို့အား အကျဉ်းသား အခွင့်အရေး အပြည့်အဝ တိတိကျကျ ခံစားခွင့်ပေးဖို့
၃။   တိုင်းရင်းသား ဒေသများမှာ ထိုးစစ်ဆင်နေမှုများကို ချက်ချင်း ရပ်ဆိုင်းပြီး၊ စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေးကို ဖေါ်ဆောင်ပေးဖို့
  
သမတ ဦးသိန်းစိန်နဲ့တကွ၊ နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေး ကောင်စီအား ဂျပန်နိုင်ငံရောက် မြန်မာ နိုင်ငံသားများက (၃)ရက် ဆက်တိုက် ဝိုင်းဝန်း လက်မှတ် ရေးထိုး၊တောင်းဆိုကြမယ့် လှုပ်ရှားမှုကိုပြုလုပ်ပါ မယ်။ မိတ်ဆွေများ အားလုံး မိမိတို့ အဆင်ပြေတဲ့နေ့မှာ လာရောက် လက်မှတ်ရေးထိုး၊ ပူးပေါင်း တောင်းဆို ပေးကြဖို့ နှိုးဆော်၊ ဖိတ်ခေါ် လိုက်ပါတယ်။
အစီအစဉ် ၁။
နေ့ရက်။             ။( ၉ )ရက်၊ နိုဝင်္ဘာလ၊၂ဝ၁၁ (ဗုဒ္ဓဟူးနေ့)
                        ဦးခွန်ထွန်းဦးနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုပွဲနေ့
အချိန်။              ။ညနေ ၃ နာရီ မှ ၄ နာရီအထိ
နေရာ။               ။UN ရုံးရှေ့ ( ရှီဘူယာ )
အစီအစဉ် ၂။
နေ့ရက်။             ။(၁ဝ)ရက်၊ နိုဝင်္ဘာလ၊၂ဝ၁၁ (ကြာသာပတေးနေ့)
                       ။(၁၁)ရက်၊ နိုဝင်္ဘာလ၊၂ဝ၁၁ (သောကြာနေ့)
အချိန်။              ။ ညနေ ၃ နာရီ မှ ၄ နာရီအထိ
နေရာ။               ။ မြန်မာသံရုံးရှေ့ (ရှီနာဂါဝါ)
                                                             ABFSU(FAC)                   
                                                 (ကိုယ်စား) မြန်မာ့ဒီမိုကရေစီကွန်ယက် (NDB)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....