Friday, November 4, 2011

အောက်တိုဘာလ (၂၉) ရက်နေ့ ကန်တော်ကြီး၊ မျှော်စင်ကျွန်းမှာ ကျင်းပခဲ့တဲ့ မျှော်စင်ကျွန်းအငြိမ့်ပွဲ ဗီဒီယို


မကြာခင် ၁၁ လပိုင်း ၂၇ရက်မှာ မောင်ပန်းသီး မောင်ကြယ်သီး နှင့် မြစပယ်ငုံတို့ လည့်း ပြည်တော်ပြန်မှာဖြစ်ပါကြောင်း ။  သီးလေးသီးမှ ညီအစ်ကိုများ ကကိုမင်းကိုနိုင်လွတ်မြောက်ရေးအတွက်များများကြီးဆုတောင်းပေးထားပြီး ကိုပေါ်ဦးထွန်း ကိုယ်တိုင်ရေး သီချင်းနဲ့ ဂုဏ်ပြု ကပြ ပေးထားတာ တွေ့ ရပါတယ် သီးလေးသီးအငြိမ့် ဗီဒီယို အစိတ်အပိုင်းတချို့ ကြည့်ရသမျှ ထဲက ပြန်ပြီး ဝေမျှလိုက်ပါတယ်။ သီးလေးသီး ဆိုတာ ကိုဇာဂနာရဲ့ ရင်သွေးတွေပါ။ အခု မျှော်စင်ကျွန်းမှာ ဖျော်ဖြေတဲ့အခါမှာ ကိုဇာဂနာရဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ ကိုအရိုင်း၊ ကိုကင်းကောင်၊ ကိုကျော်ထူး တို့က ပါဝင်အားဖြည့်ဖျော်ဖြေထားတာထပ်တွေ့ရတယ်။ ကိုအရိုင်းက ဗိုလ်ချုပ်အောင်ဆန်းသီချင်းကို ခံစားချက်အပြည့်နဲ့ သီဆိုထားတယ်။ သီးလေးသီးအဖွဲ့သားတွေနဲ့ ကိုဇာဂနာရဲ့ ကလေးငယ်တွေကို ကျွန်တော်တို့ ဂျပန် မှာလာတုံးက အပြည့်အ၀ တီးခတ်ပေးထားပါတယ်။ နောက်ပြီးကိုရီးယား ၁ပွဲ၊စင်္ကာပူ ၁ပွဲ နှင့် ဂျပန် ၂ ပွဲ ပါဝင်တီးခတ်ကူညီခဲ့ဖူးပါတယ်။  Video of MyanmarCelebrity.Com မှ ကူးယူးပါတယ်။
ထွန်းဝေ(JAPAN)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....