Friday, November 4, 2011

ထိုင်းနိုင်ငံရေးကြီးမှုကြောင့် ငွေညစ်-ခေါင်းပုံဖြတ်နေသည့် နယ်ခြားစောင့်တပ်၏ရှက်ဖွယ်အတိလုပ်ရပ်အား ဝိုင်းဝန်းရှုတ်ချဆန့်ကျင်ကြပါစို့

Ko Baloi on Friday, November 4, 2011 at 6:06am
ထိုင်းနိုင်ငံတွေရေကြီးမှုကြောင့်  ထိုင်းနိုင်ငံတွင်    အလုပ်လာရောက်လုပ်ကိုင်ကြသည့်
ရေဘေးဒုက္ခရောက်ပြီး မြန်မာနိုင်ငံသို့  ပြန်လာကြသည့် အလုပ်သမားတွေကို နယ်ခြား
စောင့်တပ်၏ မတရားအဓမ္မ  ငွေညစ်တောင်းခံနေခြင်းသည်     အရမ်းအောက်တန်းကျ
သည့်လုပ်ရပ်ဖြစ်ပြီး  ရှက်တတ်ရင် လဲသေပစ်ဖို့ကောင်းပါသည်။
ထို- အောက်တန်းကျသည့်လုပ်ရပ်သည် နယ်ခြားစောင့်တပ်၏ ဂုဏ်သိက္ခာကိုများစွာ
ထိချုက်စေသည်ကို နယ်ခြားစောင့်တပ် ခေါင်းဆောင်များအား သိစေလိုပါသည်။
ရေနစ်လို့မသေ- ငွေညစ်လို့သေမည်ဆိုသည့်စကားသည် အလုပ်သမားများ၏ ရင်ဘတ်
ထဲက လာသည့်စကားစစ်စစ်ဖြစ်သည်။
ထို- ငွေညစ်နေသည့်  လုပ်ရပ်ကို ကျနော်တို့ ဒီမိုကရေဒီအသိုင်းဝိုင်းနဲ့  အခြားသောအဖွဲ့
အစည်းများမှ ဥပေက္ခာမပြုထားပဲ...
ယင်း- အောက်တန်းကျတဲ့      နယ်ခြားစောင့်တပ်၏
လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ရှုပ်ချကြဖို့ အရေးကြီးပါတယ်။
ဒီ- နယ်ခြားစောင့်တပ်တွေဟာ...အခုလိုလုပ်နေတာ  ကြာပြီးဖြစ်ပေမယ့်   မသိကျိုးကျွန်
ပြုထားမှုကြောင့်....တဖြည်းဖြည်းနဲ့   အတင့်ရဲလာကာ- အခုလို...ဒုက္ခရောက်လာတဲ့ လူ
တွေကိုတောင်မရှောင်တော့ပဲ...ငွေညစ်တောင်းခံလာတာဖြစ်ပါတယ်။  ကုန်သယ်တွေက
ငွေကောက်ခံတာကို    နားလည်မှုပေးလို့ရပေမယ့်....အခုလို-  လက်ရဲ-    ဇက်ရဲ    ဒုက္ခ
ရောက်နေသူတွေအပေါ် ငွေညစ်တောင်းခံနေတာကို  facebook ကနေတဆင့် ပြင်းပြင်း
ထန်ထန်ရှုတ်ချကြပါစို့...။
သမ္မတ- ဦးသိန်းစိန်၏ မြဝတီ- မဲဆောက်တံတား ယာယီပြန်ဖွင့်ပေးပြီး ရေးဘေးဒုက္ခရောက်
လာသည့်        အလုပ်သမားများအား   အကူညီပေးသည့်   လုပ်ငန်းအစီစဉ်ကို    ကျေးဇူး
တင်ရှိကြောင်း ပြောကြားလိုပါသည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကြွေးကျော်သံများ.....
၁- နယ်ခြားစောင့်တပ်၏ မတရားငွေညစ်နေသည့်လုပ်ရပ်.....ချက်ခြင်းရပ်- ချက်ခြင်းရပ် ။
၂- ဒုက္ခရောက်သူများအပေါ် ငွေညစ်သူများအား....ဆန့်ကျင်ကြ....ဆန့်ကျင်ကြ။
၃- ဒုက္ခရောက်နေသူတွေကို.....ကယ်တင်ကြ....ကယ်တင်ကြ။
၎- ဒုက္ခရောက်နေသူတွေကို.....ကူညီကြ......ကူညီကြ။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....