Friday, November 18, 2011

ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ နောက်ဆုံးရ သတင်းအတို

 Latest News update
နိုဝင်ဘာ ၁၈၊
နေ့လည် ၁ နာရီ ၂၀ မိနစ်

ဒေါ်အောင်ဆန်းစုကြည်က လစ်လပ်နေရာအားလုံးကို သူ့ရဲ့ ပါတီအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်စေချင်တယ် ဟု ပြောဆိုပြီး နေရာ ၄၀ ကျော်မှာ နည်းသည်ဟု မယူဆစေလိုကြောင်း လုပ်သင့်လုပ်ထိုက်သည့် အရာကို နည်းသည်များသည် မယူဆပဲ လုပ်ကြရမှာဖြစ်သည်ဟုလည်း ပြောဆိုသည်။

၎င်းကပင် ယခု နိုင်ငံရေး အနေအထားမှာ အောင်မြင်ဖို့ အလားအလာများသည့် အနေအထားဖြစ်ကြောင်း၊ အောင်မြင်မှု ၁၀၀ ရာခိုင်နှုန်းရမယ်လို့ နိုင်ငံရေး မှာ ပြောဆို၍ မရသဖြင့် .....စွန့်စားသင့်သည့်အချိန်တွင် စွန့်စားရမည် ဖြစ်ကြောင်း၊ ယခုအချိန်မှာ စွန့်စားသင့်သည့် အချိန်ဖြစ်ကြောင်းကိုလည်း ပြောဆိုသွားသည်။

ယခု ပြန်လည် မှတ်ပုံတင်ရေးနှင့် ရွေးကောက်ပွဲ ၀င်ရေး အဆိုနှင့် ပတ်သက်ပြီး ပါတီဝင်များထဲတွင် လက်မခံ နိုင်သူများလည်း ရှိမည်ဖြစ်သော်လည်း ဒီမိုကရေစီ သဘောအရ အများဆုံးဖြတ်ချက်ကို လိုက်နာပြီး စွမ်းဆောင်နိုင်သမျှ ဖေးမကူညီပေးဖို့ မေတ္တာရပ်ခံလိုပါသည်ဟုလည်း ပြောဆိုသွားသည်။ ။
Yangon PressInternational   မှ ဖေါ်ပြပါသည်။
 

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....