Monday, November 7, 2011

မီးလောင်ခဲ့သော ခရီးသည်တင်ယာဉ်အား ငြိမ်းသတ်ရာမှ မီးသတ်လုပ်သားငါးဦး ထိခိုက်ဒဏ်ရာရ။

 
Monday, 07 November 2011 03:18
မီးလောင်ခဲ့သော ခရီးသည်တင်ယာဉ်အား မီးငြိမ်းသတ်ရာမှ ဂက်စ်အိုးပေါက်ကွဲပြီး မီးသတ်လုပ်သားငါးဦး ထိခိုက်ဒဏ်ရာရမှုတစ်ခု နိုဝင်ဘာလ ၅ ရက်နေ့၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပါရမီကားဝင်းမှ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်(တာဝ) သို့ပြေးဆွဲနေသည့် ယာဉ်လိုင်း အမှတ် ၁၇၃(အနီရောင်) ခရီးသည် တင်ယာဉ်လိုင်းသည် နိုဝင်ဘာလ ၅ ရက်နေ့၊ နံနက် ၁၀နာရီခွဲတွင် ..သန်လျင်၊ အောင်ချမ်းသာရပ်ကွက် အနီး၌ ဘတ္ထရီဝါယာရှော့ခ်ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မီးသတ်ကားများ လာရောက်မီးငြိမ်းသတ်နေစဉ်အတွင်း ဂက်စ်အိုးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''ကားဘတ္ထရီကနေ၀ါယာရှော့ခ်ဖြစ်ပြီး မီးထလောင်တော့ ကားပေါ်ပါလာတဲ့သူတွေအားလုံး ဆင်းပြေးကြတယ်။ မီးသတ်ကားတွေရောက်လာပြီး မီးငြှိမ်းနေတဲ့အချိန်မှာ ဂက်စ်အိုးတစ်လုံးပေါက်ကွဲပြီး မီးသတ်သမားငါးဦး ဒဏ်ရာရသွားတယ်။ နှစ်ဦးကတော့ ဒဏ်ရာရတာ တော် တော်ပြင်းတယ်။ တစ်ယောက်က ညာဘက်မျက်လုံးထိတယ်။ နောက်တစ်ယောက်က ဘယ်ဘက်ရင်ဘတ်ကို ထိတယ်။ ဒဏ်ရာရတဲ့သူ ငါးဦးစလုံးကို သန်လျင်ဆေး ရုံကြီးကို ချက်ချင်းပို့လိုက်တယ်'' ဟု ဖြစ်စဉ်အား တွေ့ခဲ့သူတစ်ဦးက ဆိုသည်။

ကားမီးလောင်မှုကို မီးသတ်ယာဉ်လေးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရပြီး ဒဏ်ရာပြင်းထန်သူနှစ်ဦး၏ အခြေအနေအား စောင့်ကြည့်ဆဲပင် ဖြစ်ကြောင်း သန်လျင်မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ပေါက်ကွဲမှုဖြစ်ပွားသည့် ဂက်စ်အိုးအား ကားမီးလောင်သည့်နေရာမှ ကိုက် ၁၂၀ ခန့်အကွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
 
Eleven Media Group မှ ဖေါ်ပြပါသည်။
 

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....