Friday, November 25, 2011

မှတ်ပုံတင်ရန် ဆုံးဖြတ်လိုက်ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင် အဖွဲ့သစ် စာရင်း ထွက်ရှိ

မှတ်ပုံတင်ရန် ဆုံးဖြတ်လိုက်ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၁ ဦးပါဝင်သော ဦးဆောင် အဖွဲ့သစ် စာရင်း ထွက်ရှိလာသည်ဟု ယင်းအဖွဲ့သစ် စာရင်းတွင် ပါဝင်သူ ဒေါ်မေ၀င်းမြင့်က The Messenger News Journal သို့ ပြောကြားသည်။

ယင်းသို့ ဖွဲ့စည်းရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ၁၉၈၈ ခုနှစ် စတင်ဖွဲ့စည်းစဉ်ကတည်းက ဦးဆောင် သူများ၊ စီအီးစီ တိုးချဲ့ အသစ်များနှင့် တိုင်း ဒေသကြီး / ပြည်နယ် ကိုယ်စားပြုများ၊ လူငယ် ကိုယ်စားပြုများ စသည့် မူသုံးချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ယင်းအဖွဲ့မှ ပါတီကို ဦးဆောင် သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထွက်ရှိလာသည့် စာရင်း အသစ်မှာ အောက်ပါ အတိုင်းဖြစ်သည်။

၁။ ဦးတင်ဦး
၂။ ဒေါ်အောင်ဆန်းစုကြည်
၃။ ဦးဝင်းတင်
၎။ ဦးဟံသာမြင့်
၅။ ဦးဥာဏ်ဝင်း
၆။ ဒေါ်မေ၀င်းမြင့်
၇။ ဦးဝီလာရှီဆိုင်း (ကချင် ပြည်နယ်)
၈။ ဦးဇိုဂွမ်း (ချင်း ပြည်နယ်)
၉။ ဒေါ်ခင်စန်းလှိုင် (စစ်ကိုင်းတိုင်း ဒေသကြီး)
၁၀။ ဒေါ်အုန်းကြည် (မန္တလေးတိုင်း ဒေသကြီး)
၁၁။ ဒေါက်တာ ဒေါ်သန်းငွေ (ရှမ်း ပြည်နယ်)
၁၂။ ဒေါ်ခင်မိုးမိုး (ကယား ပြည်နယ်)
၁၃။ ဦးကျော်ခိုင် (ရခိုင် ပြည်နယ်)
၁၄။ ဒေါ်ခင်စောဌေး (မကွေးတိုင်း ဒေသကြီး)
၁၅။ ဒေါ်လှလှမိုး (ပဲခူးတိုင်း ဒေသကြီး)
၁၆။ ဒေါ်နန်းခင်ထွေးမြင့် (ကရင် ပြည်နယ်)
၁၇။ ဒေါ်ခင်ဌေးကြွယ် (မွန်ပြည်နယ်)
၁၈။ ဦးခင်ဇော်လင်း (ဧရာဝတီတိုင်း ဒေသကြီး)
၁၉။ ဒေါ်ခင်အေးမူ (တနင်္သာရီတိုင်း ဒေသကြီး)
၂၀။ ဦးစိုးဝင်း (ရန်ကုန်တိုင်း ဒေသကြီး) ညီနောင် ပါတီ
၂၁။ ကိုမျိုးညွန့် (လူငယ် အဖွဲ့)

source by : မက်စင်ဂျာ ဂျာနယ်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....