Friday, November 18, 2011

ကုလသမဂ္ဂမှ ကြားဝင်ဖြေရှင်းပေးရန်အတွက် တိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြပွဲ(တိုကျို)။


၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၁၇)ရက်။

ဦးသိန်းစိန်အစိုးရမှ   ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်၊ မျိုးဖြုတ် သတ်ဖြတ်မှုကို ကုလသမဂ္ဂမှ ကြားဝင် ဖြေရှင်းပေးရန်   တောင်းဆို ဆန္ဒပြပွဲကို တိုကျို မြို့ UN အဆောက်အဦးရှေ့၌ ညီညွတ်သော တိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်)မှ ယနေ့ ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီ အထိ ကျင်းပ ပြုလုပ် ခဲ့ကြပါသည်။

လက်ရှိ ဦးသိန်းစိန် အစိုးရသည် ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင် တိုက်ခိုက်ရာမှာ ဓာတုလက်နက် များကို သုံးစွဲတဲ့ အဆင့်အထိ တိုက်ခိုက်လာသည့်အပြင် လူအင်အား လက်နက်အင်အား အများအပြားဖြစ် ယနေ့ထိတိုင် ထိုးစစ်ဆင် နေသည့်အတွက် ထိုးစစ်ဆင် တိုက်ခိုက် နေမှုများကို ရပ်ဆိုင်းပြီး စစ်မှန်သည့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ကုလသမဂ္ဂမှ ကြားဝင် ဖြေရှင်း ပေးရန် လာရောက် တောင်းဆို ဆန္ဒပြခဲ့ကြပါသည်။

တောင်းဆိုဆန္ဒပြပွဲကို ဆက်လက် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....