Tuesday, November 1, 2011

မန္တလေးမြို့ မူလတန်းကျောင်းများအနီး၌ မီးခြစ်နှင့် ဖဲချပ်တို့ကို ကစားစရာအဖြစ်ပြုလုပ်ရောင်းချမှုရှိနေ

by Mandalay Voice on Tuesday, November 1, 2011 at 2:41pm




မြို့တော်စည်ပင်သာယာရေးကော်မတီအနီးရှိ အ.မ.က (၇) အနီးတွင်ရောင်းချနေသည့် ပစ္စည်းများ

မန္တလေးရှိမူလတန်းကျောင်းများအနီးတွင် ပြည်တွင်းထုတ် အသားမီးခြစ်ပေါ်၌ ဖဲချပ်ကပ်၍ ဖဲချပ်မှ မီးခြစ်သို့ပြောင်းလဲနည်းဟုဆိုကာ မျက်လှည့်ပြသည့် ပစ္စည်းအဖြစ် ပြုလုပ်ပြီး တစ်ခုလျှင်.........
၂၀၀ ကျပ်ဖြင့် ရောင်းချနေသောကြောင့်
ကလေးငယ်များကလည်း အထူးအဆန်းထင်ကာ ၀ယ်ယူမှုများပြားလျှက်ရှိသည်။

ဆော့စရာအဖြစ်ဖြင့် မီးနှင့်ဖဲချပ် ဆော့ကစားနေကြသဖြင့် မီးအန္တရာယ်အပြင် လောင်းကစားပြုလုပ်သည့်ဖဲချပ်နှင့်ပါ ရင်းနှီးကျွမ်းဝင်မှုဖြစ်စေခြင်းဖြစ်နေပါသည်။

လူကြီးမိဘတွေအိပ်နေချိန်မှာ မျက်လှည့်ပြသမှုကျွမ်းကျင်အောင်ထလေ့ကျင့်နေရင်တော့အခက်ပဲဗျာ အခုခေတ်က အိမ်တိုင်းမှာ ဓာတ်ဆီရှိနေတော့ လောင်စာကလည်း အဆင်သင့်ဟု ကျောင်းမှအပြန်အဆိုပါ မျက်လှည့်မီးခြစ်မျက်လှည့်အားဝယ်ယူသယ်ဆောင်လာသည့် မန္တလေးမြို့တော်စည်ပင်သာယာရုံးအနီးရှိ အ.မ.က(၇)ကျောင်းနေ ကျောင်းသား၏ မိဘတစ်ဦးမှပြောပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....