Thursday, September 8, 2011

ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ခန်းအနီး မီးစက်ခန်းရှိ မီးအားမြှင့်စက်လောင်ကျွမ်း

by Myit Makha Mediagroup on Thursday, September 8, 2011 at 8:17pm
ယနေ့ နေ့လည် ၃ နာရီ ခွဲအချိန့်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်ဆေးရုံကြီးရှိ အရေးပေါ်အခန်းအနီးတွင် ထားရှိသော မီးစက်ခန်းမှ မီးအားမြှုင့်စက်လောင်ကျွမ်းကာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ မရှိကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အခန်းတွင်းရှိ မီးစက်နှင့်သက်ဆိုက်သော ပစ္စည်းအချို့ မီးလောင်ကျွမ်းပျက်ဆီးခဲ့ကြောင်း သိရသည်။

` ၃နာရီခွဲလောက်က ဖြစ်တာ၊ ငြိမ်းသွားပြီ မီးစက်ခန်းလည်း ပြန်ပြင်နေပြီ`ဟု ရန်ကုန်ဆေးရုံကြီးအတွင်းမီးစက် ၀န်ထမ်းတဦးက ပြောသည်။

မီးလောင်မှုဖြစ်ပွားနေစဉ် ဆေးရုံတွင်းရှိ လူနာအချို့မှာ စိုးရိမ်ထိတ်လန့်ခဲ့ပြီး လျှပ်စစ်မီးများလည်း ဖြတ်တောက်ခဲ့ကြောင်း သိရှိရသည်။






မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သော မီးစက်ခန်း
ရန်ကုန်ဆေးရုံကြီး

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....