မြန်မာပြည်ရဲ့ အဓိက အသက်သွေးကြောမြစ် တခုဖြစ်တဲ့ ဧရာဝတီမြစ် ဘေးအန္တရယ်တွေနဲ့ ကြုံတွေ့နေရတာတာနဲ့ပတ်သက်ပြီး လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က “ဧရာဝတီအတွက် ပန်ကြားချက်” ဆိုပြီး အခုလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီပန်ကြားချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေနဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေက လူထုသိအောင် ပန်ကြားချက်ကို ဖြန့်ဝေမှုနဲ့ လက်မှတ်ရေးထိုးတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်နေပါတယ်။
ရန်ကုန်တိုင်း တွံတေးမြို့နယ်အဖွဲ့ချုပ်ဝင်တွေက ဒီမနက်မှာ ဒေါ်အောင်ဆန်းဆုကြည် ရဲ့ ပန်ကြားချက်ကို လိုက်လံဖြန့်ဝေမှုတွေလုပ်သလိုပဲ လူထုဆီက လက်မှတ်ထိုး ကောက်ယူမှုတွေ လုပ်နေပါတယ်။
လက်မှတ်ကောက်ယူမှုနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ်ဝင် ကိုရဲထွဋ်ခေါင်က အခုလို ပြော ပါတယ်။

“ဧရာဝတီမြစ်ကြီး တိမ်ကောသွားရင် မြန်မာနိုင်ငံသူ နိုင်ငံသားတွေက အတိဒုက္ခရောက်တဲ့ အပြင် အသက်အန္တရာယ်ပါ ဆုံးရှုံးနိုင်တဲ့အကြောင်း ကျနော်တို့က ရှင်းပြတယ်။ အခု ဧရာဝတီ မြစ်ကြီးပေါ်မှာ ရေအားလျှပ်စစ်စီမံကိန်း ၈ ခု တည် ဆောက်ထားတယ်။ အဲဒီ ၈ ခုကို ရပ်တန့်ဖို့အတွက် ကျနော်တို့က လက်မှတ်ရေးထိုးလှုပ်ရှားမှု ပြုလုပ်တယ်ဆိုတာကို သူတို့ကို ရှင်းပြတယ်။ ပြည်သူတွေကလည်း လိုလိုလားလားပဲ သူတို့က လက်မှတ်ထိုးပေးတယ်။ ကျနော်တို့ ဒီနေ့ လက်မှတ် ၁၂၀၀ ကျော်လောက် ရတယ်။”
၈၈မျိုးဆက်ကျောင်းသားလူငယ်များက ဩဂုတ်လ ၁၅ ရက်နေ့ ရက်စွဲနဲ့ ဧရာဝတီမြစ်ဆုံ ရေကာတာ တည်ဆောက်ရေးနဲ့ ပတ်သက်လို့ အစိုးရထံ ကန့်ကွက်စာတစောင် ထုတ်ပြန်ကြေညာပါတယ်။
ဧရာဝတီမြစ်ဆုံရေကာတာ တည်ဆောက်ရေး ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုချက်နဲ့အတူ ပြည်သူလူထုတရပ်လုံးကိုတော့ မိမိတို့ဆန္ဒဖော်ထုတ်ဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်