Thursday, August 4, 2011

ကိုင်ရို တရားရုံး သံလှောင်အိမ်ထဲက အာဏာရှင်ကြီး မူဘာရက်က "သူ့မှာ အပြစ်မရှိ ပါဘူးတဲ့"



ဘာသာပြန်ချက်အတိုထွာ
CNN သတင်း
ကိုင်ရိုမြို့
အာဏာရှင်ကြီး မူဘာရက်ကို အစိုးရဆန့်ကျင်ဆန္ဒပြသူတွေကို သတ်ဖြတ်ရန် အမိန့်ပေးတဲ့ အမှုနှင့် တရားရုံးထဲက အချုပ်လှောင်အိမ်ကြီးထဲမှာ အသက်၈၃ နှစ်ရှိတဲ့ အာဏာရှင်ကြီး မူဘာရက် အဖြူရောင်အကျဉ်းသား ၀တ်စုံနှင့် အစစ်ဆေးခံရန်ရောက် ရှိနေပြီး မူဘာရက်က
"သူတို့ ပြောသမျှအကြောင်းရာတွေက မမှန်ကန်ဘူး" ခဏနားတဲ့ အချိန် မှာပြောကြားလိုက်ပါတယ်။

အရှေ့အလယ်ပိုင်း အာရပ်ကမ္ဘာမှာ ဒီတရားရုံးတင် စစ်ဆေးမှုကြီးကို တီဗီတွေ လေဒီယိုတွေမှာ လူအများဆုံး စိတ်ဝင်စားနေကြပြီး။ အာရပ်မီဒီယာများက နိုင်ငံတော်ခုံရုံးကစစ်ဆေးမှု လို့အမည်ပေးထားတဲ့ ဒီတရားရုံးစစ်ဆေးမှုကို လူအများဆုံးကြည့်ရူ့နေကြသည်။

အီဂျစ်ပြည်သူတွေ၏ အောင်ပွဲက ဒေသတွင်းက အခြားအာဏာရှင်ကြီးများ ဖြစ်ကြသော လစ်ဗျားနိုင်ငံက အာဏာရှင်ကြိး မိုယာမတ် ကရာဖီ၊ ဆီရီးယားနိုင်ငံက Bashar al-Assad နှင့် ယီမင်နိုင်ငံက Ali Abdullah Saleh တို့လည်း နီးကပ်လာတဲ့ သူတို့အလှည့်ကို အလန့်တကြား မြင်တွေ့နေရပါပြီ။

"ဒေသတွင်း အာဏာရှင်တွေအားလုံး ကြည့်ပြီး အလွန်တုန်လှုပ်နေကြပါပြီ နောက်တခါ ငါ့အလှည့်များလားလို့ စဉ်းစားနေကြပြီ" လို့ အီဂျစ်စာနယ်ဇင်းသမား Mona Eltahawy ပြောကြားလိုက်သည်။
"ဒေသတွင်းက နိုင်ငံသားတွေ အားလုံး သာမန်အရပ်သား အာရပ်တွေရော အရှေုအလယ်ပိုင်းသားတွေရော မြောက်အာဖရိကသားတွေ တွေးနေကြပြီ "ငါတို့လဲ မတရားအုပ်ချုပ် အနိုင်ကျင့်ခံရတာတွေကို တရားရုံးဆွဲ ရပါစေလို့" .........

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....