Wednesday, August 17, 2011

ပြည်ပ​ရောက်မြန်မာနိုင်ငံသား​များ​ ပြန်လာကြရန် သမ္မတကမ်း​လှမ်း

အ ​ကြောင်း​အမျိုး​မျိုး​တွေ​ကြောင့်​ ပြည်ပနိုင်ငံအသီး​သီး​ရောက်ရှိ​နေထိုင်ကြတဲ့​ မြန်မာနိုင်ငံသား​တွေ မြန်မာနိုင်ငံကိုပြန်လာပြီး​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​လုပ်ငန်း​တွေမှာ ပါဝင်​ဆောင်ရွက်ကြဖို့​ သမ္မတ ဦး​သိန်း​စိန်က ကမ်း​လှမ်း​ဖိတ်​ခေါ်လိုက်ပါတယ်။
ဒီက​နေ့​ ​နေပြည်​တော် မြန်မာကွန်ဗင်း​ရှင်း​စင်တာမှာ ပြုလုပ်တဲ့​ စီး​ပွား​ရေး​ လုပ်ငန်း​ရှင်​တွေ၊​ ပညာရှင်​တွေအပါအဝင် စီး​ပွား​ရေး​နဲ့​ လူမှု​ရေး​ အသင်း​အဖွဲ့​တွေ တက်​ရောက်ကြတဲ့​ ​တွေ့​ဆုံပွဲမှာ သမ္မတဦး​သိန်း​စိန်က သူ့​ရဲ့​ မိနစ် ၂၀ ကြာ မိန့်​ခွန်း​မှာ ထည့်​သွင်း​ ​ပြောကြား​လိုက်တာပါ။
ဒီလို ​ပြောကြား​လိုက်တာနဲ့​ပတ်သက်ပြီး​ အခမ်း​အနား​ကို တက်​ရောက်​နေတဲ့​ ​ဇေကမ္ဘာဦး​ခင်​ရွှေက အခုလို 
ပြောပြပါတယ်။
“အဓိအချက်တချက်က ​တော့​ ပြည်ပကို ​ရောက်​နေတဲ့​ပုဂ္ဂိုလ်​တွေ ပြည်တွင်း​ကို ပြန်လာပြီး​တော့​ နိုင်ငံ​တော် တိုး​တက်ရာ တိုး​တက်​ကြောင်း​ကို ပြန်လာပြီး​တော့​ လုပ်ကြဖို့​။ ​တော်ရုံတန်ရုံအပြစ်​တွေကို ခွင့်​လွှတ်​ပေး​မယ်ဆိုတာ​ပေါ့​ တိတိကျကျ ​ပြောသွား​ပါတယ်။”
ဒီမိန့်​ခွန်း ​အတွင်း​မှာ​တော့​ သမ္မတဦး​သိန်း​စိန်က မြန်မာနိုင်ငံကို ပြန်လာချင်တဲ့​ နိုင်ငံသား​တွေအ​နေနဲ့​ မြန်မာနိုင်ငံမှာ ​နေထိုင်ခဲ့​စဉ်အချိန်က ပြစ်မှုတစ်စုံတရာ ကျုး​လွန်ထား​သူဖြစ်ရင် အဲ့​ဒီပြစ်မှု​တွေအတွက် ပြစ်ဒဏ်စီရင်ခြင်း​ခံရမှာဖြစ်တဲ့​အ​ကြောင်း​နဲ့​ ပြည်ပကို မထွက်ခွာခင်က ​နေထိုင်ခဲ့​ရာ မြို့​နယ်များ​နဲ့​ အကျုံး​ဝင်​သော သက်ဆိုင်ရာ တိုင်း​ဒေသကြီး​နဲ့​ ပြည်နယ်အစိုး​အရများ​ထံ တိုက်ရိုက်ဆက်သွယ် ​ဆောင်ရွက်နိုင်​ကြောင်း​ ဦး​သိန်း​စိန်က ထည့်​သွင်း​ပြောကြား​ခဲ့​ပါတယ်။
ဒါ့​အပြင် သမ္မတဦး​သိန်း​စိန်က ဒီမိန့်​ခွန်း​အတွင်း​မှာပဲ ကချင်ပြည်နယ်အတွင်း​ ဖြစ်ပွား​နေတဲ့​ ပဋိပက္ခ​တွေနဲ့​အတူ အစိုး​ရသက်တမ်း​ အတွင်း​ဆောင်ရွက်ချက်​တွေကိုလည်း​ ထည့်​သွင်း​ပြောကြား​ခဲ့​တယ်လို့​လည်း​ ဦး​ခင်​ရွှေက ​ပြောပါတယ်။
“နိုင်ငံ​ တော်က​နေ ဒီ​နေ့​အထိ လုပ်လာတဲ့​လုပ်ငန်း​တွေ၊​ ခုနက ပင်စင်လစာ တိုး​ပေး​တာတို့​၊​ စီး​ပွား​ရေး​နဲ့​ ပတ်သက်လို့​ လုပ်ခဲ့​တာ​တွေ၊​ အခု​ကေအိုင်​အေနဲ့​ ပတ်သက်တဲ့​ကိစ္စ​တွေ၊​ ဒီကိစ္စမှာလည်း​ ​ပြေလည်​အောင်လို့​ နိုင်ငံ​တော်က​နေ ညှိနှိုင်း​နေတယ်ဆိုတာ လုပ်ငန်း​စဉ်​လေး​တွေ ​ပြောသွား​ပါတယ်။”
ဒါ့​အပြင် စီး​ပွား​ရေး​ဆိုင်ရာ အ​ကြောင်း​အရာ​တွေကိုလည်း​ ဦး​ခင်​ရွှေကပဲ အခုလို ဆက်​ပြောပြပါတယ်။
“အဓိကအား​ ဖြင့်​ ​ဒေါ်လာ​ဈေး​တွေ ကျတဲ့​ကိစ္စ​ပေါ်မှာ အထည်ချုပ်လုပ်ငန်း​တွေကအစ ပြဿနာ​တွေ ရှိတယ်။ အဲဒါ​တွေကိုလည်း​ အခွန်အခ​တွေ ​လျှော့​ပေး​တာတို့​၊​ ​နောက်သွင်း​တဲ့​ပစ္စည်း​တွေအ​ပေါ်မှာလည်း​ အခွန်အခ​တွေ ​လျှော့​ပေး​တာတို့​ အဲဒါမျိုး​နဲ့​ ကုစား​သွား​မယ်ဆိုတာ ​ပြောတယ်။ ​နောက်တခါ ဆန်​တွေကိုလည်း​ လယ်သမား​တွေအတွက်ကို ​ဈေး​တခု သတ်မှတ်ပြီး​ မနာ​အောင်သတ်မှတ်ပြီး​ ဝယ်ပြီး​တော့​ နိုင်ငံ​တော်က အရန်ထား​မယ်။ အဲဒီအရန်အတွက် လိုအပ်သလို သုံး​သွား​မယ်ဆိုတဲ့​အ​ကြောင်း​ လုပ်ငန်း​စဉ်​လေး​တွေ ​ပြောသွား​ပါတယ်။”
ဒီက​နေ့​ သမ္မတမိန့်​ခွန်း​ပြောကြား​ခဲ့​တဲ့​ အခမ်း​အနား​မှာ ပြည်​ထောင်စု အစိုး​ရအဖွဲ့​ဝင် ဝန်ကြီး​တွေနဲ့​အတူ UMFCCI အသင်း​ကပုဂ္ဂိုလ်​တွေ၊​ စီး​ပွား​ရေး​နဲ့​ လူမှု​ရေး​အသင်း​ ၄၀ ​ကျော်က ပုဂ္ဂိုလ် ၄၀၀ ​လောက် တက်​ရောက်ခဲ့​ကြပါတယ်။

(သတင်း  ဒီမိုကရက်တစ်မြန်မာ့အသံ- DVB)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....