Monday, July 11, 2011

နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌ ဆရာတော်သို့ လျှောက်ထားချက်



နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌ ဆရာတော်သို့ လျှောက်ထားချက်

မြန်မာနိုင်ငံမှ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီး၏ ဥက္ကဋ္ဌဆရာတော်ကိုယ်တိုင် အမေရိကန် ပြည်ထောင်စုသို့ သာသနာပြုခရီး ကြွရောက်တော်မူလာသည့်အတွက် အမေရိကန်ပြည်ထောင်စုရှိ  သံဃာတော်များနှင့် မြန်မာမိသားစု ဒါယကာ ဒါယိကာမများ အထူးဝမ်းမြောက် ဂုဏ်ယူစွာဂါရဝပြု ကြိုဆိုအပ်ပါသည် ဘုရား။

တပည့်တော်တို့ မြန်မာများသည် မိမိတို့နိုင်ငံ ငြိမ်းချမ်းသာယာ တိုးတက်နေသည်ကို မြင်တွေ့လိုကြပါသည် ဘုရား။ သို့မှသာ အမျိုး ဘာသာ သာသနာလည်း စည်ပင်နိုင်မည်ဖြစ်ပါသည် ဘုရား။ နိုင်ငံ မငြိမ်းချမ်းသဖြင့် အချို့တောတွင်းသို့ ရောက်ရှိသွားပြီး အချို့မှာ ပြည်ပသို့ ထွက်ပြေးခိုလှုံနေကြရပါသည်။ အချို့မှာ အယူအဆကွဲလွဲမှုကို အကြောင်းပြု၍ နိုင်ငံရေး အကျဉ်းသားအဖြစ် ဖမ်းဆီးထိန်းသိမ်း အကျဉ်းချခံနေကြရပါသည်ဘုရား။

တိုင်းရင်းသားလူမျိုးစုများနှင့် လက်ရှိအစိုးရသစ်ဟာလည်း မတရားမှု ကတိမတည်မှုများကြောင့် ပြည်တွင်းစစ်ကြီးပမာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် အပြစ်မဲ့ပြည်သူများစွာ သေကြေပျက်စီး ကြရပါသည် ဘုရား။

ထို့ကြောင့် မြန်မာနိုင်ငံ ပြည်သူအများစု၏ ကိုးကွယ်အားထားရာဖြစ်သည့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးအနေဖြင့် -
(၁)   အယူအဆကွဲလွဲသူများအချင်းချင်း နိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာ တိုးတက်ရေး၊ အမျိုး ဘာသာ သာသနာ ဖွံ့ဖြိုးရေးတို့အတွက် သင့်မြတ်စွာ အတူပူးတွဲဆောင်ရွက်ကြရန်နှင့် တွေ့ဆုံဆွေးနွေး အဖြေရှာကြရန်အတွက်လည်းကောင်း၊

(၂)   အယူအဆကွဲလွဲမှုကြောင့် နှစ်ရှည်လများ ထောင်ချခံနေကြရသော သံဃာတော်များနှင့် တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်လွှတ်ပေးရန်အတွက်လည်းကောင်း၊ နိုင်ငံတော်အစိုးရသစ်အား သွန်သင်ဆုံးမ သြဝါဒများပေးကာ နားချပေးပါရန် ဂါရဝတရား ရှေ့ထား၍ ပန်ကြားလျှောက်ထားအပ်ပါသည် ဘုရား။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃ့ာတပ်ပေါင်းစုအဖွဲ့ကြီး 


အထက်ပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်နိုင်ပါသည်။
ဖုန်း - 718 230 0605 (ဦးပညာဇောတ - အမေရိက)
     - 080 684 7781 


 ဆရာတော်ဦးပညာဇောတပေးပို့သည်။
 

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....