Tuesday, July 19, 2011

၆၄နှစ်မြောက်အာဇာနည်နေ့အခမ်းအနား(ဂျပန်)

(၆၄)ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို တိုကျိုမြို့ Shinagawa အရပ်ရှိ မြန်မာ စစ်အခွန်ရုံး(သံရုံး)ရှေ့တွင် ယနေ့ ဇူလိုင်လ ၁၉ ရက် ညနေ ၃း၀၀ နာရီ မှ ၄း၀၀ အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ကြီးမှူး ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ယနေ့ အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် NLD(LA)JB တွဲဘက်အထွေထွေအတွင်းရေးမှူး(၁) ဦးဇော်မင်းထွန်းမှ တာဝန်ယူဆောင်ရွက်ပြီး အာဇာနည်နေ့ အထိမ်းအမှတ် ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက် နှင့် နောက်ခံသမိုင်းကြောင်းတို့ကို ရှင်းလင်း ပြောကြားသွားပါသည်။

မြန်မာပြည် လွတ်လပ်ရေးရအောင် သက်စွန့် ကြိုးပမ်း ဆောင်ရွက်ပေးခဲ့ကြတဲ့ ဗိုလ်ချူပ်အောင်ဆန်း နှင့်တစ်ကွ အာဇာနည် အမျိုးသားခေါင်းဆောင်ကြီးများက တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့် ပေးအပ်ခဲ့တဲ သမိုင်း အမွေအနှစ်ကောင်းများကို အမျိုးသားရေး တာဝန်ကြီးတရပ် အနေဖြစ် ယနေ့ခေတ် မျိုးဆက် လူငယ်များ တာဝန်ကြေစွာ ဆက်လက် ထိမ်းသိမ်းသွားနိုင်ရန်၊ အာဇာနည် ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်ဆောက်ရေးမှာ ယနေ့ မျိုးဆက်သစ် လူငယ်များ ပုခုံးပြောင်း တာဝန် ယူသွားနိုင်ရန်အတွက် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါသည်။ ဆက်လက်ပြီး ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုတို့မှ အာဇာနည်ခေါင်းဆောင်ကြီးများတို့အား ရည်စူး၍ လွမ်းသူ့ပန်းခွေများဖြင့် ဂါရ၀ပြုခဲ့ကြပါသည်။

ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် စုစုပေါင်း အင်အား ၂၀၀ ခန့် တက်ရောက်ခဲ့ကြပါသည်။





မှတ်တမ်း...ကိုမိုင်ကျော်ဦး
ဓါတ်ပုံ....Aung Htoo Thein(Japan)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....