Wednesday, July 13, 2011

မြန်မာ့အရေးနှင့်ပါတ်သက်ပြီး ဂျပန်လွှတ်တော်တွင် ကြားနားပွဲပြုလုပ်


၂၀၁၁-၇-၁၂ ,

မြန်မာ့လက်ရှိအခြေအနေနှင့် ပါတ်သက်ပြီး ဂျပန်လွှတ်တော်မှာ မြန်မာ့အရေး ဆောင်ရွက်သော ဂျပန်လွှတ်တော် အမတ်များသမဂ္ဂ၏ KONNO ATSUMA အမတ်မှ ဦးဆောင်၍ မြန်မာ့အရေး ကြားနာပွဲ ကို ဂျပန်လွှတ်တော် အဆောက်အဦး ၃ . B1-၁၀၃ ခမ်းမတွင် ကျင်းပခဲ့ပါသည်။

ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများမှ တက်ရောက်ခဲ့ကြပြီး ၁။ တိုင်းရင်းသား ဒေသများတွင် ဖြစ်ပေါ်နေသော မြန်မာစစ်အစိုးရ၏ ထိုးစစ်ဆင်မှု  ၂။မြန်မာစစ်အစိုးရက မြောက်ကိုရီယားနှင့် ချစ်ကြည်ရေးပြန်လည်တည်ဆောက်ပြီး အနုမြူထုတ်လုပ်သည့် စက်ရုံများကို တည်ဆောက်ရန် မြောက်ကိုရီးယားမှ နည်းပညာနှင့် ပညာရှင်များခေါ်ယူမှုနှင့်  မြောက်ကိုရီးယားနှင့် ဆက်နွယ်သည့် အထောက်အထားများ   ၃။ ဂျပန်နိုင်ငံသို့  ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီများကို နိုင်ငံရေး အတွေ့အကြုံရရှိရန် ခေါ်ယူ၍ လေ့လာခွင့် ပြုမည့်အပေါ် ဂျပန်အစိုးရ၏ လုပ်ရပ်သည် တဖက်သတ် ဆန်လွန်းသည်။ ယခုလို ခေါ်ယူလိုက် သည့်အတွက်  လူ့ အခွင့်အရေး ကြီးမားစွာ ချိုးဖေါက်နေသည့် မြန်မာ စစ်အစိုးရအား ဂျပန်အစိုးရမှ အသိအမှတ်ပြုသည့် သဘောသက်ရောက်နေပြီး။ အာဏာရှင် လက်ဝါးကြီးအုပ် အုပ်ချုပ်နေသည့် မြန်မာစစ်အစိုးရ အတွက်ဖြစ်မည့်  ODA နှင့်ပါတ် သက်ပြီး ပြန်လည်သုံးသပ်ပေးရန်။ မြန်မာစစ်အစိုးရ၏ ဒီမိုကရေစီသည် အတုအယောင်သာဖြစ်ကြောင်း ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ ဆွေးနွေးတင်ပြ တောင်းဆိုခဲ့သည်။

အဆိုပါ ကြားနာပွဲမှ မြန်မာ့အရေး ဆောင်ရွက်သော ဂျပန်လွှတ်တော် အမတ်များသမဂ္ဂမှ ၂၀၁၀ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ပါတီတခုတည်းကိုသာမက ၁၉၉၀ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ပါတီအဖွဲ့အစည်းကိုလည်း ဖိတ်ခေါ်ရန် ဂျပန်အစိုးရအား ပြောကြားမည်ဟု ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိခဲ့ရပါသည်။

သတင်းရင်းမြစ် - nldlajb.blogspot.com
မှတ်တမ်းဓါတ်ပုံ။ NDB ပြန်ကြားရေး

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....