Friday, June 17, 2011

ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၆) နှစ်ပြည့်မွေးနေ့ (မြန်မာအမျိုးသမီးများနေ့) အထိမ်းအမှတ် ဈေးရောင်းပွဲတော်



ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၆) နှစ်ပြည့်မွေးနေ့ (မြန်မာအမျိုးသမီးများနေ့) အထိမ်းအမှတ် ဈေးရောင်းပွဲတော်ကို ၂၀၁၁ ဇွန်လ (၁၆) ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်မှာ စတင် ကျင်းပခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ အခမ်းအနားမှာ ဥတ္တရအလင်းမှ ကိုတိုးလွင်၊ မဇ္ဈိမလှိုင်းမှ ကိုရဲလွင်၊ ACID အဖွဲ့မှ ကိုဇေယျာသော်နဲ့ တေးသံရှင်အချို့က တေးသီချင်းများနဲ့ သီဆို ဖျော်ဖြေ ဧည့်ခံခဲ့ပါတယ်။ ဈေးရောင်းပွဲတော်ကို ဇွန်လ (၁၆) ရက်နေ့က ဇွန်လ (၁၈) ရက်နေ့အထိ နေ့စဉ် နံနက် (၉) နာရီမှ ညနေ (၃) နာရီအထိ ခင်းကျင်း ပြသ ရောင်းချသွားမှာဖြစ်ပြီး....
ရောင်းချပြီး ရရှိတဲ့ အမြတ်ငွေတွေကို လူမှုရေးလုပ်ငန်းတွေအတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ကျနော် ၊ကျမတို့ Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး) အဖွဲ့ဝင် ဇေယျာသော် ၊အောင်ဇေဖြိုး၊အာကာဗိုလ်၊သီဟ၀င်းတင်တို့သည်စစ်အစိုးရ၏မတရားဖိနှိပ်မှုတွေကိုအမှန်အတိုင်းထုတ်ဖော်ဖွင့်ဟခဲ့ခြင်းကြောင့် ၂၀၀၈ ခုနှစ်၊မတ်လ (၁၂)ရက်နေ့ တွင်အာဏာပိုင်တွေရဲ့ဖမ်းဆီးထိန်သိမ်းခြင်းကို ခံခဲ့ရသည်မှာ ယနေ့ဆိုလျှင်(၃)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ထိုလူငယ်များနည်းတူ စစ်အစိုးရ၏ တစ်ဘက်သတ် စွပ်စွဲချက်အမျိုးမျိုးနှင့် ထောင်ဒဏ်အသီးသီး ကျခံနေရသော Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး) အဖွဲ့ဝင်လူငယ်(၁၉)ဦးသည်လည်း စစ်အစိုးရ၏ အကျဉ်းထောင်များတွင် ပြစ်ဒဏ်များ ချမှတ်ခံနေရဆဲ ဖြစ်ပါသည်။ ယုံကြည်မှုနှင့် လွတ်လပ်မှုအတွက် ၊အမှန်တရားနှင့် မိမိတို့၏ နိုင်ငံရေးခံယူချက်တို့အတွက် ယခုလိုမတရားဖမ်းဆီးထိန်းသိမ်းခြင်းခံနေရတဲ့ Generation ve(မျိုးဆက်သစ်လူငယ်များအစည်းအရုံး) အဖွဲ့ဝင်များဖြစ်ကြသော ကိုဇေယျာသော် ၊ကိုအောင်ဇေဖြိုး ၊ကိုအာကာဗိုလ် ၊ကိုသီဟ၀င်းတင် တို့ အပါအ၀င် ကျွန်ုပ်တို့၏ GW အဖွဲ့ဝင်များအား စစ်အစိုးရအာဏာပိုင်များမှ အမြန်ဆုံးပြန်လွှတ်ပေးရေးအတွက် ယခုကဲ့သို့ ရဟန်းရှင်လူ မိဘပြည်သူများ သိစေရန်အတွက် “ အီးမေးလ်ဖြန့်ဝေခြင်းလှုပ်ရှားမှု” အားပြုလုပ်ခြင်းဖြစ်ပါသည် ။ GenerationWave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)သည်အာဏာရှင်စနစ်အားအကြမ်း မဖက်သည့်နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပါသည် ။ စစ်အာဏာရှင်စနစ် အပြီးသတ်ကျဆုံးရေးနှင့် တစ်မျိုးသားလုံး၏ စစ်ကျွန်ဘ၀ အာက်မှ လွတ်မြောက်ရေးအတွက်တောင်းဆိုရင်းအဓမ္မဖမ်းဆီးခံနေရမှုကို စစ်အစိုးရ အာဏာပိုင်များမှ အမြန်ဆုံးလွှတ်ပေးရေးအတွက် ယခုလို အီးမေးလ်ဖြန့်ဝေခြင်းလှုပ်ရှားမှု ပြုလုပ် တောင်းဆိုခြင်းဖြစ်ပါသည် ။ ထို့ကြောင့် ယခုအီးမေးလ်အား အခြားသူများသို့ ထပ်ဆင့်ဖြန့်ဝေခြင်းဖြင့် ပူးပေါင်းကြပါရန် ဆန္ဒပြုပါသည် ။ "ပြည်သူလူထုတွေကို ကျနော်ပြောချင်တာကတော့ မကြိုက်တဲ့အရာတွေကို ငြင်းပယ်ဖို့သတ္တိရှိကြပြီး အမှန်ကိုမလုပ်ရဲရင်တောင်မှ အမှားတွေကိုမထောက်ခံမိကြဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ် " ဇေယျာသော် (Generation Wave) “ ကျနော်တို့ကျေးဇူးဆပ်နေကြတာပါ။ ကျနော်တို့ရှေ့ကအာဇာနည်သူရဲကောင်းတွေသူတို့ခေတ်ကာလအလိုက် တိုင်းတပါးရဲ့ ကျွန်ဘ၀ကနေလွတ်မြောက်အောင် လုပ်ပြီး သမိုင်းပေးတာဝန်ကျေခဲ့ပါပြီ။ နောက်လာမယ့် သူတွေအတွက်ကျေးဇူးကြွေးကို ဆပ်သွားကြပါပြီ။ န်ာတို့ခေတ်မှာတိုင်းပြည်ကောင်းစားဖို့လို ပါတယ်။ ဒါကျနော်တို့ရဲ့ တာဝန်ပါ။ ကိုယ့်တာဝန်ကိုယ်သိကြပါ ” သီဟ၀င်းတင်(Generation Wave) "ခင်ဗျားက GW လို့ပြောရင်ကျွန်တော်က လူငယ်လို့ပြောမယ် ခင်ဗျားက ဒီမိုကရေစီလို့ပြောရင် ကျွန်တော်က ပြည်သူလူထုလွတ်မြောက်ရေးလို့ပြောမယ်” ငြိမ်းချမ်း (Generation Wave) လေးစားစွာဖြင့် Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....