Sunday, June 26, 2011

ဂျပန်နိုင်ငံတွင် မြန်မာ့ဒီမိုကရေစီရေးအတွက် စုပေါင်း လှုပ်ရှားဆောင်ရွက်သွားကြမည့် လုပ်ငန်းစဉ်များ ညှိနှိုင်းစည်းဝေး


၂၀၁၁ ခုနှစ် ဇွန်လ (၂၆)ရက်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan၏ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်း အစည်းအဝေးကို Takadanobaba  အရပ်ရှိ Shoohiseikatsu Center 4F ,မှာ မှာ ယနေ့ ဇွန်လ (၂၆)ရက် နံနက် ၉း၃၀ မှ ၁၂း၀၀ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

ညှိနှိုင်းစည်းဝေးတွင် ဂျပန်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များကို ဂျပန်နိုင်ငံသို့ ဇူလိုင်လဆန်းတွင် လာရောက်ရန် ဖိတ်ကြားထားသည်ဟု သိရှိရသည့်အတွက် ၂၀၁၀ ရွေးကောက်ပွဲအား ဒီမိုကရေစီ နိုင်ငံကြီးများက အသိအမှတ်ပြုသည်ဟု ထုတ်ဖော် ပြောဆိုခြင်း  မရှိသေးချိန်တွင် ဂျပန်အစိုးရ၏ ယခုကဲ့သို့သော လုပ်ရပ်သည် အသိအမှတ် ပြုသလို ဖြစ်သည့် အတွက်  မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan၏ ရပ်တည်ချက် ကန့်ကွက်သည့် သဘောထားကို ဂျပန်အစိုးရထံသို့ သွားရောက် ပေးပို့သွားမည်ဖြစ်ပါသည်။

ဂျပန်အစိုးရက မြန်မာ အာဏာပိုင်များအား ၄င်းတို့ အစဉ်တစိုက် ပြောဆိုနေခဲ့သည့် နိုင်ငံရေးအကျဉ်းသား များလွှတ်ပေးရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် ဆိုသည့် ရပ်တည်ချက် ပြောင်းလဲ သွားပြီလားဟု မေးခွန်း ထုတ်ရမည် ဖြစ်သည်။ 

ထို့ကြောင့် ဂျပန်အစိုးရ၏ လုပ်ရပ်သည် မြန်မာပြည်တွင် စစ်မှန်သော ဒီမိုကရေစီ ထွန်းကားရေးအတွက် အနှောင့်အယှက် အတားအဆီး ဖြစ်ရာ ရောက်သောကြောင့်  မြန်မာ့ဒီမိုကရေစီရေး ထောက်ခံ အားပေး နေသော ဂျပန်လွှတ်တော် အမတ်များ သမဂ္ဂ၏ အကူအညီဖြစ် လွှတ်တော်တွင်း ကြားနာမှုတခု ပြုလုပ်ရန်၊ ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ချီတက် ဆန္ဒပြပွဲအစီအစဉ်များ နှင့် နိုင်ငံတကာရှိ မြန်မာ့အရေး လှုပ်ရှားသူများ အနေဖြင့် သံတမန်ရေးအရ ဖိအားပေးသည့် နိုင်ငံတကာ လှုပ်ရှားမှုအဖြစ် အကောင်အထည် ဖေါ်ဆောင်သွားကြရန် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

ဆက်လက်ပြီး (၄၉)နှစ်မြောက် သမိုင်းဝင် ဇူလိုင် ၇ ရက် ကျောင်းသား လှုပ်ရှားမူ အထိမ်းအမှတ် အခမ်းအနားကို NDB-Japan မှ ဦးဆောင် ကျင်းပ ပြုလုပ်သွားရန်နှင့် ရှေ့လှုပ်ရှား ဆောင်ရွက်သွားကြမည့် အသေးစိတ် အစီအစဉ်များနှင့် လုပ်ငန်းစဉ်များတို့ NDB ပြန်ကြားရေးမှ ဆက်လက် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
သတင်းဓါတ်ပုံ ။ Lian Khan Sum

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....