Sunday, June 19, 2011

"ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် မွေးနေ့ပွဲအမီ ရောက်လာ"


(မဇ္ဈိမ)။ ။ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်သည် မိခင်၏ ၆၆ နှစ်ပြည့် မွေးနေ့ပွဲအမီ တနင်္ဂနွေ မနက်က ထိုင်းလေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က သားဖြစ်သူကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်ပဆိုက်ရောက် ခန်းမဆောင်တွင် ယနေ့ မနက်ပိုင်းက သွားရောက်ကြိုဆိုခဲ့သည်။

ကိုထိန်လင်းမှာ နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ခါစ မိခင်နှင့် တွေ့ဆုံရန် ၂၀၁၀ ခုနှစ် နိုဝင်္ဘာ ၂၃ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ရက်သတ္တ နှစ်ပါတ်ကြာ မိခင်နှင့်အတူ နေထိုင်ခွင့် ရခဲ့ဖူးသည်။

ယခုခရီးစဉ်တွင် ကိုထိန်လင်းသည် မြန်မာနိုင်ငံတွင် ရက်သတ္တပတ် သုံးပတ်ကျော် နေထိုင်သွားမည်ဟု သတင်းထောက်များကို ပြောဆိုသွားသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....