Saturday, May 28, 2011

NLD-LA (Malaysia) ၏ ငွေလိမ်တောင်းမှု (အသံဖိုင်-၁)

Recording [High quality] by mgpala

ဒီနေ့ဟာ NLD ပါတီ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ နေ့ထူးနေ့မြတ်တနေ့ပါ။ ဒီလိုနေ့မျိုးမှာ NLD နာမည်ခံပြီး လုပ်စားနေသူတွေအကြောင်း ပြောရတာ အရမ်းကို ၀မ်းနည်းစရာကောင်းပါတယ်။ NLD ရဲ့ ဂုဏ်သိက္ခာလည်း အနည်းနဲ့အများ ထိခိုက်ကျဆင်းနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အစဉ်တစိုက် လေးစားလက်ခံလာခဲ့ပြီး NLD ပါတီဝင် မဟုတ်တာတောင်မှ ဒေါ်စုနဲ့ပတ်သတ်လာရင် ဆတ်ဆတ်ထိမခံ ပြန်ပြောလေ့ရှိခဲ့တဲ့ ပြည်သူတယောက်အနေနဲ့ ထင်မြင်မိပါတယ်။

ဒီလိုသာ ပါတီထဲက နိုင်ငံရေးသမားအယောင်ဆောင်တွေ၊ ပါတီအလံအောက်မှာ ကိုယ်ကျိုးစီးပွားရှာနေသူတွေ၊ သူခိုး၊ ဓားပြ၊ လူယုတ်မာစိတ်ဓာတ်နဲ့ နိုင်ငံရေးလုပ်စားနေသူတွေကို NLD ပြည်တွင်းနဲ့ NLD-LA မှ သက်ဆိုင်ရာလူကြီးမင်းများက ထိထိရောက်ရောက် အရေးယူဟန့်တားမှုမပြုဘဲ အားပေးအားမြှောက်ပြု သက်ဇိုးပေးရှည်နေမယ်ဆိုရင် NLD ပါတီ အာဏာရလာရင်တောင် လက်ရှိနအဖစစ်အစိုးရထက် နှစ်ဆပိုဆိုးနေမလားရယ်လို့ ၀မ်းနည်းစွာ သံသယဖြစ်မိကြောင်းပါ။

မောင်ပါလ
DVB မြန်မာပိုင်း၏ ပင်တိုင်အဆိုတော် ထက်အောင်ရှိုင်းမှမေးမြန်းထားခြင်းဖြစ်ပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....