Monday, May 2, 2011

နားရက်မှာ ကုသိုလ်ဖြစ်နိုင်ဖို့ နှိုးဆော်ခြင်း

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်ရှိ အားလုံးသော ဓမ္မမိတ်ဆွေအပေါင်းကို အသိပေးအကြောင်းကြားအပ်ပါသည်။ အားလပ်သော GOLEN WEEKအချိန်အခါရက်များတွင် (မေလနှစ်ရက်နေ့မှ စတင်၍ မေလ ခြောက်ရက်နေ့တိုင်အောင်) အေးချမ်းတည်ငြိမ်စွာ ဗုဒ္ဓတရားတော်များကို အားထုတ်ကြိုးစားနိုင်ကြပါရန် အိခဲဘူကုရုဘူတာမှ တိုဘု တိုဂျိုလိုင်း လော်ကယ်လိုင်းစီး၍ နှစ်ဘူတာမြောက် ရှိမိုအိတဘရှိဘူတာအနီးရှိ ခန်းမကြီးတွင် ဝိပဿနာတရားဘာဝနာများ ကျင့်ကြံအားထုတ်နိုင်ပါသည်။ နေ့လည်တစ်နာရီမှ စတင်၍ ညကိုးနာရီအချိန်အထိ မိမိအားလပ်သော အချိန်တွင် လာရောက်အားထုတ်နိုင်ပါသည်။ အသေးစိတ်သိလိုပါက ဖုံးနံပါတ် 080-4171-9333 လိုင်းဖုံး03-3973-3348 သို့ဆက်သွယ်အကြောင်းကြားးနိုင်ပါသည်။ ဥပုသ်သီလဆောက်တည်လိုသော ပုဂ္ဂိုလ်များ မနက်ကိုးနာရီအချိန် အိတဘရှိရပ်ကွက်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် စုပေါင်းသီလတရားနာယူနိုင်ပါသည်။ နေ့လည်စာအလှူရှင်များ ရှိနေပြီးဖြစ်ပါသည်။
__._,_.___

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....