Sunday, May 15, 2011

မိတ်ဆွေရဲ့ငွေကြေးထောက်ပံ့မှုနဲ့ယနေ့မြန်မာကိုတည်ဆောက်ကြရအောင်

Burma Today
Support Burma Today for promote freedom of speech, citizen journalism, and change Burma.
 
မိတ်ဆွေရဲ့ ငွေကြေးထောက်ပံ့မှု နဲ့ ယနေ့မြန်မာကို တည်ဆောက်ကြရအောင်
မြန်မာမိသားစုအသိုင်းအ၀ိုင်းသတင်းများကို အစုံလင်ဆုံး တင်ပြနေပြီး မြန်မာပြည်ဆိုင်ရာသတင်းများကိုလည်း အချိန်နဲ့တပြေးညီ ဖော်ပြနေတဲ့ ယနေ့မြန်မာသတင်းဌာနကို မိတ်ဆွေတို့ရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ အားဖြည့် ပူးပေါင်းကာ ရေရှည် တည်တံ့အောင် တည်ဆောက်ကြရအောင် ဗျာ။
ယနေ့မြန်မာဟာ အဓိကအားဖြင့် တည်ထောင်သူ ဦးမြင့်လှိုင်ရဲ့ ငွေကြေးစိုက်ထုတ်မှုကို အခြေပြုပြီး အကြံပေးပုဂ္ဂိုလ် လေးဦး၊ ဒါရိုက်တာ သုံးဦး၊ အယ်ဒီတာ ငါးဦး၊ တာဝန်ခံများနဲ့ ပြည်သူ့သတင်းထောက် ၂၀ - ၅၀ ခန့်နဲ့ လည်ပတ်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ အယ်ဒီတာများဟာ အမေရိကန်ပြည်ထောင်စု၊ တောင်ကိုရီးယားနဲ့ ဥရောပနိုင်ငံများတွင် နေထိုင်နေကြတဲ့ မြန်မာတိုင်းရင်းသားများ ဖြစ်ကြပါတယ်။ အမေရိကန်ပြည်ထောင်စု ၊ နော်ဝေ ၊ နယူးဇီလန် ၊ ဂျပန် ၊ အိန္ဒိယ ၊ ထိုင်း ၊ မလေးရှား ၊ စင်ကာပူနဲ့ ဥရောပနိုင်ငံများရှိ တာဝန်ခံများ ၊ ပြည်သူ့သတင်းထောက်များ အပါအ၀င် မြန်မာပြည်တွင်းရှိ ပြည်သူ့သတင်းထောက် အနည်းဆုံး ၁၅ ဦးခန့်ကလည်း ယနေ့မြန်မာကို အားဖြည့်ထားပါတယ်။ ပြည်ပရှိ အဖွဲ့ဝင်များအားလုံးဟာ ပညာဒါန၊ လုပ်အားဒါန၊ အချိန်ဒါနများ ပေးဆပ် လုပ်ကိုင်လျက်ရှိသလို ပြည်တွင်းရှိ အဖွဲ့သားများဟာလည်း လိုအပ်တဲ့ကုန်ကျစရိတ်မှအပ အားလုံး ပေးဆပ်နေသူများ ဖြစ်ပါတယ်။ ယနေ့မြန်မာရဲ့ ဒါရိုက်တာတဦးဟာ အမေရိကန်ပြည်ထောင်စုမှာ စီးပွားရေးဆိုင်ရာ ဘွဲ့ရထားသူ တဦး ဖြစ်သလို ယနေ့မြန်မာရဲ့ ငွေစာရင်းကို အစိုးရအသိအမှတ်ပြု စာရင်းကိုင်နဲ့ အမေရိကန်အစိုးရကို စနစ်တကျ တင်ပြလျက် ရှိပါတယ်။
ယခုအခါ ယနေ့မြန်မာရဲ့ တလတာ ကုန်ကျစရိတ်ဟာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၂,၅၀၀ မှ ၃,၀၀၀ အကြားတွင် ရှိပြီး ရေရှည် လည်ပတ်ဖို့ အတော့်ကို ခက်ခဲနေပါတယ်။ ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့လူ့ဘောင်အဖွဲ့က ၂၀၁၁ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၅,၀၀၀ ကူညီထားပါတယ်။ အဲဒီငွေကြေးဟာ အုတ်တချပ် သဲတပွင့်အနေနဲ့ အထောက်အပံ့ ဖြစ်စေသော်လည်း ရေရှည်အတွက်တော့ မလုံလောက်ပါဘူး။
ယနေ့မြန်မာသတင်းဌာန တည်ရှိနေခြင်းကြောင့် ကမ္ဘာအနှံ့ရှိ မြန်မာအသိုင်းအ၀ိုင်းရဲ့သတင်း၊ မြန်မာ့သတင်းတွေကို အချိန်နဲ့ တပြေးညီ ဖတ်ရှု သိနားလည်ရတဲ့နည်းတူ မြန်မာအသိုင်းအ၀ိုင်းအကြား ချစ်ကြည် နားလည်မှု ပိုမို ရရှိခြင်း၊ မြန်မာ့အရေးသတင်းများကို နာရီမဆိုင်း သိရှိနိုင်ပြီး တဦးနဲ့တယောက် အလျင်အမြန် ဆက်သွယ် ကူညီနိုင်ခြင်းတို့ အပါအ၀င် အသိအမြင် အတွေးအခေါ် ပိုမို ကျယ်ပြန့်ခြင်းနဲ့ မြန်မာစာပေ၊ ယဉ်ကျေးမှုဆိုင်ရာများကို မမေ့မလျော့ ထိမ်းသိမ်းခြင်းတို့ကိုလည်း များစွာ အထောက်အကူ ဖြစ်စေပါတယ်။
ယနေ့မြန်မာအဖွဲ့သားများအနေနဲ့လည်း မြန်မာမိသားစုအသိုင်းအ၀ိုင်းအတွက် ပိုမို အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ပြီး အင်တာနက်စာမျက်နှာ ဒီဇိုင်းတခုလုံးကို အသစ် ပြုပြင်ဖို့ အပါအ၀င် လုပ်ငန်းအများအပြား ချဲ့ထွင်ရန် အသင့် ဖြစ်နေပါတယ်။ အသစ်ဖန်တီးမယ့် အင်တာနက်စာမျက်နှာဟာ မိတ်ဆွေများ နှစ်ခြိုက်မယ့် အပြင်အဆင်နဲ့ အစီအစဉ်များ ပြည့်နှက်နေမယ်ဆိုတာ အသေအချာ ပါ။ ယနေ့မြန်မာကို ပုံမှန် ဖတ်ရှုသူ တနေ့ကို ၇,၀၀၀ မှ၂၀,၀၀၀ အထိ ရှိကာ တလကို ခုနှစ်သောင်းနီးပါး ရှိပါတယ်။ ဒါ့ကြောင့် တဦးကို အမေရိကန်ဒေါ်လာ တဒေါ်လာနှုန်းနဲ့ ကူညီမယ်ဆိုရင်တောင် ယနေ့မြန်မာရဲ့ လုပ်ငန်းတွေကို အများကြီး တိုးချဲ့လုပ်ကိုင်နိုင်မှာပါ။
ယနေ့မြန်မာသတင်းဌာနကို တည်ထောင်ထားတဲ့ Burma Today Inc. ဟာ အမေရိကန်ပြည်ထောင်စုမှာ 501 (c) 3 status နဲ့ မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက် ယနေ့မြန်မာကို ထည့်ဝင် လှူဒါန်းကြတဲ့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်သူများအနေနဲ့ အခွန်ကင်းလွတ်ခွင့် ရကြမှာ ဖြစ်ပါတယ်။ ဒ့ါအပြင် ယနေ့မြန်မာအား အမေရိကန်ဒေါ်လာ ၁၀၀ အထက် လှူဒါန်းသူများကို ကျေးဇူးတင် ဂုဏ်ပြုလွှာများ ပြန်လည် ပေးပို့မှာ ဖြစ်သလို BURMA TODAY websiteမှာလည်း အလှုရှင်မှတ်တမ်းအမည်စာရင်းကို ဖွင့်လှစ်ထားရှိမှာဖြစ်ပါတယ်။

Certificate of Appreciation
 

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....