Monday, May 16, 2011

ဆရာတော်ဦးဂမ္ဘီရနဲ့ ကလေးထောင်ကနိုင်ငံရေးအကျဉ်းသားများထောင်တွင်းတိုက်ပွဲစပြီ

မြန်မာနိုင်ငံက ထောင်အသီးသီးမှာ ယုံကြည်ချက်ကြောင့် အကျဥ်းချခံနေရသူတွေဟာ အကျဉ်းသားအခွင့်အရေးတွေဆုံးရှုံးနေတယ်ဆိုပြီးတော့ စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်မှာ ထောင်ဒဏ်၆၃နှစ်ကျခံနေရတဲ့ ၂၀၀၇ သံဃလှုပ်ရှားမှုရဲ့ ဦးဆောင်ဆရာတော်တပါးဖြစ်တဲ့ ဆရာတော်ဦးဂမ္ဘီရနဲ့ ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညီပုတို့က ဦးဆောင်ပြီး အကျဉ်းသားအခွင့်အရေးတောင်းဆိုလိုက်ကြတာပါ။ မေလ ၁၁ ရက်ရက်စွဲနဲ့ ကလေးအကျဉ်းဦးစီးကနေတဆင့် နိုင်ငံတော်သမတ။ ဒုသမတများအဖွဲ့ ၊ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ။အာစီယံ နဲ့ အာရှလူ့အခွင့်အရေးကော်မရှင်ကိုပါ ဒီတောင်းဆိုချက်တွေကို မိတ္တူတွဲပြီး ပို့လိုက်တာဖြစ်တဲ့အကြောင်းသိရပါတယ်။ တောင်းဆိုချက်ပါအချက်တွေကတော့

၁။ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အ၀ ရရှိရေးတဲ့။
၂။ အစားအသောက် အသုံးအဆောင်များ အပြည့်အ၀ ခံစားရရှိရေး၊
၃။ မိသားစုနှင့် လွတ်လပ်စွာ စကားပြောခွင့် တယ်လီဖုန်းဆက်သွယ်ခွင့်ပြုရေး၊
၎။ တရားဝင်ထုတ်ဝေထားသော မည်သည့် စာအုပ်စာတမ်းမဆို လွတ်လပ်စွာ ဖတ်ရှုခွင့်ရရှိရေး
၅။ ဗီဒီယို၊ ရုပ်မြင်သံကြား မိမိမြို့ရွာဒေသတွင်းရှိ နိုင်ငံတကာမှ ထုတ်လွှင့်သော ဂြိုလ်တုစလောင်း ရုပ်သံလိုင်းများကို လွတ်လပ်စွာ ကြည့်ရှုနားထောင်ခွင့်ရရှိရေး
၆။ အကျဉ်းထောင်လက်စွဲ ဥပဒေပါ အခွင့်အရေးနှင့် ရပိုင်ခွင့်များအားလုံးကိုတဲ့ အပြည့်အ၀ ရရှိရေးအတွက် ကျွန်ုပ်တို့မှ ပထမအကြိမ် လက်မှတ်ရေးထိုးတောင်းဆိုလိုက်သည်ဆိုပြီး ပါရှိပါတယ်။

အခုတက်လာတဲ့ အစိုးရသစ်အနေနဲ့လည်း ဒီမိုကရေစီလမ်းကြောင်းကိုလျှောက်လမ်းနေပါတယ်ဆိုရင် ဒီမိုကရေစီတောင်းဆိုနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ နိုင်ငံရေးအကျဉ်းသားတွေကမျှော်လင့်နေတဲ့အကြောင်းနဲ့ အခုတောင်းဆိုချက်တွေကို ဒီလကုန်ထိမှ လိုက်လျောမပေးရင် အစာငတ်ခံဆန္ဒပြသွားမယ်လို့ ဆရာတော်က မိန့်မှာလိုက်ပါတယ်။

အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဥ်းသားတွေလွှတ်ပေးဖို့အတွက် အန်အယ်လ်ဒီပါတီနဲ့ လူငယ်ကွန်ယက်က ဦးဆောင်ပြီး လက်မှတ်ရေးထိုးတောင်းဆိုနေသလို သောကြာနေ့က မြန်မာနိုင်ငံကနေပြန်သွားတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေးနံဗီးယားကလည်း ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရသစ်ကို တောင်းဆိုသွားပါသေးတယ်။ ဒါပေမယ့် သမတသစ်ဦးသိန်းစိန်ရဲ့ အကြံပေးပုဂ္ဂိုလ် ဆိုသူတွေကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိပါဘူးလို့ ပြည်တွင်းထုတ် သတင်းဂျာနယ်တွေကို ပြောဆိုခဲ့ပါတယ်ခင်များ

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....