၂၀၁၁ ခုနှစ် မေလ ၂၇ ရက်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၏ ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အနိုင်ရ (၂၁)နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် လက်ရှိ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့သစ် စစ်အုပ်စုအား လုံးဝ အသိအမှတ်မပြု ဆန့်ကျင် ကန့်ကွက်သည့် အခမ်းအနားကို တိုကျိုရှိ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနရှေ့တွင် ယနေ့ ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ ကျင်းပခဲ့ကြပါသည်။
ဆန္ဒပြပွဲကို မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်) Network for Democracy in Burma (NDB)မှ ဦးစီးကျင်းပ ပြုလုပ်ပြီး ဒီမိုကရေစီ နည်းလမ်းမကျ တရားမျှတမှုမရှိသော ရွေးကောက်ပွဲ စစ်တပ်မှ အသွင် ပြောင်းလာကြသည့် စစ်အုပ်စု အစိုးရသစ်ကို အသိအမှတ်မပြုရန်၊ နိုင်ငံရေး အကျဉ်းသားတွေကို ချက်ခြင်း လွတ်ပေးရန်၊ တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင်ကာ တိုက်ခိုက်နေမှုများ ပြည်တွင်းစစ် ရပ်စဲရန်အတွက် မြန်မာအစိုးရသစ် စစ်အုပ်စုအား ဖိအားပေး တောင်းဆိုပေးရန် ဂျပန်အစိုးရအား တိုက်တွန်း တောင်းဆိုခဲ့ကြပြီး မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုကို ခိုင်မြဲ စေချင်တယ်ဆိုရင် မြန်မာ ပြည်သူတွေရဲ့ အသံ ဆန္ဒကို လေးစားနားထောင်ပေးရန် ၊ မြန်မာပြည်သူတွေရဲ့ ရွေးကောက်ထားသည့် NLD ပါတီရဲ့ လုပ်ဆောင်မှုတွေကို တိကျခိုင်မာတဲ့ ထောက်ခံ အားပေးမှုတွေ ပြုလုပ်ပေးရန် ဂျပန်အစိုးရအား တိုက်တွန်း တောင်းဆိုသွား ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu



No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်