Monday, May 30, 2011

AUN – Japan ပြန်လည်ပြင်ဆင် ဖွဲ့စည်းခြင်း။


၂၀၁၁ ခုနှစ် မေလ ၂၉ ရက်။

ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်) AUN-Japan ၏ မူဝါဒရေးရာနှင့် စည်းမျဉ်း စည်းကမ်းများ ပြန်လည်ပြင်ဆင် ညှိနှိုင်းသည့် အစည်းဝေးကို Takadanobaba အရပ်ရှိ AUN ရုံးခန်း၌ ယနေ့ နံနက် ၉း၃၀ နာရီ မှ ၁၂း၀၀နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း (ဂျပန်)၊ Association of United Nationalities in Japan, AUN-Japan, သည် ဂျပန်နိုင်ငံရှိ တိုင်းရင်းသားအဖွဲ့(၈)ဖွဲ့ဖြစ် ၂၀၀၃ ခုနှစ်မှ စတင်ဖွဲ့စည်းစဉ်က သဘောတူညီခဲ့သော စည်းမျဉ်းစည်း ကမ်းများမှာ ၂၀၁၀ခုနှစ် ဒီဇင်ဘာလတွင် သက်တမ်း ကုန်ဆုံးခဲ့ပြီ ဖြစ်ပြီး AUN-Japan ဆက်လက် ရပ်တည်ရေးကို အဖွဲ့ဝင်အများစုက သဘောတူညီမှုရှိကြပြီး ပြင်ဆင်မှုကာလကို (၆) လသတ်မှတ်ခဲ့ကြကာ အောက်ဖေါ်ပြပါ နိုင်ငံရေး ဦးတည်ချက်ဖြစ် AUN-Japan ကို ပြင်ဆင် ဖွဲ့စည်းလိုက်ပါသည်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ၊ စစ်မှန်သော ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးနှင့် တန်းတူညီမျှသော ဖက်ဒရယ် ပြည်ထောင်စု စနစ် ပေါ်ထွန်းရေး နိုင်ငံရေး ဦးတည်ချက်များကို စုပေါင်းအကောင်အထည် ဖေါ်ဆောင်ရန်၊ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

ရှေ့လုပ် လုပ်ငန်းစဉ်များ ၊ အဖွဲ့ဝင် အဖွဲ့အစည်းအသီးသီးတို့မှ စေလွတ်သော ကိုယ်စားလှယ်များနှင့် AUN ဦးဆောင် ကော်မတီ ဖွဲ့စည်းသွားရန် ဆွေးနွေးခဲ့ကြပြီး လာမည် ဇွန်လတွင် ကျင်းပပြုလုပ်မည့် ညီလာခံ၌ ဆုံဖြတ်ချက်များကို အတည်ပြုသွားရန်နှင့် အများဆန္ဒနှင့်အညီ ဦးဆောင်ကော်မတီများကိုလည်း ရွေးချယ် တင်မြောက်သွားမည် ဖြစ်ပါသည်။ ယခုအချိန်မှာ တိုင်းရင်းသားအအဖွဲ့ (၁၂)ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး ပါဝင်လာခြင်း မရှိသေးသည့် အဖွဲ့အစည်းများကိုလည်း ပူးပေါင်း ပါဝင်လာအောင် ဆက်လက် ဖိတ်ခေါ် သွားမည် ဖြစ်ပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....