Saturday, April 30, 2011

ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန် အစိုးရ အပေါ်သုံးသပ်ချက်နဲ့ ပြည်သူသို့ အသိပေး တင်ပြချက်

ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန် အစိုးရ အပေါ်သုံးသပ်ချက်နဲ့ ပြည်သူသို့ အသိပေး တင်ပြချက် (မြန်မာလို)

ဖတ်ရန်

1 comment:

  1. ဖေသက်ခင်လည်း ဒီပုတ်ထဲက ဒီပဲဘဲ


    ယခု သိန်းစိန်ရဲ့  ကျန်းမာရေးဝန်ကြီးဖြစ်လာတဲ့ ဒေါက်တာဖေသက်ခင်က ငယ်စဉ် ကျောင်းသားဘ၀ကတည်းက တစ်ပါတီအာဏာရှင်ကြီး နေ၀င်း မဆလပါတီ အကြီးအကဲတွေရဲ့ သားသမီးများနဲ့  အလွမ်းသင့်ခဲ့ပါတယ်။ စာပေကြိုးစားတာကြောင့်တင်မကဘဲ အဆိုပါ အာဏာရှင်ကြီးတွေရဲ့  မိသားစုနဲ့  နီးစပ်စွာပေါင်းသင်းနိုင်မှုကြောင့် လူရည်ချွန် (၆) ထပ်ကွမ်း ရပေမဲ့လည်း အခြားလူရည်ချွန်တွေနဲ့  ကွာတာကတော့ ဘယ်လိုလူမျိုးနဲ့  ပေါင်းရမယ်ဆိုတာ ကောင်းကောင်း သိပုံရသူမို့  ချီးမြောက်ခြင်းခံရတာလို့  ဒေါက်တာဖေသက်ခင်နဲ့  သက်တူရွယ်တူ ကျောင်းသားကျောင်းသူတွေထဲက ပြောဆိုခဲ့ကြပါတယ်။

    နအဖခေတ်မှာလည်း အာဏာရူး တပ်ချုပ်ကြီး သန်းရွှေရဲ့  လက်စွဲတော် ဆေးမှူးကြီး (ကကဆေး) ဗိုလ်ချုပ်သန်းအောင်တို့ ၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်တို့ နဲ့  အတော်ပလဲနံပ သင့်ခဲ့သူ ဖြစ်တယ်လို့  အတွင်းသိများက ပြောဆိုပါတယ်။

    ဒေါက်တာဖေသက်ခင်ဟာ မန္တလေး ဆေးတက္ကသိုလ် ကလေးကျန်းမာရေးပညာဌာနမှာ ဌာနမှူး ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ရန်ကုန်ဆေးတက္ကသိုလ် အမှတ် (၁) မှာ ပါမောက္ခချူပ်တာဝန်ကို ထမ်းဆောင်နေရင်း မန္တလေး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် နအဖသန်းရွှေတို့ ရဲ့  ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကတစ်ဆင့် အခုဆိုရင် သိန်းစိန်ရဲ့  ကျန်းမာရေးဝန်ကြီး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

    အာဏာရူး သိန်းစိန်လက်ထက်မှာ ကျန်းမာရေးအသုံးစရိတ်အတွက် မဖြစ်စလောက်လေး ၁.၃ ရာခိုင်နှုန်းလောက်လေး
    ပေးထားတဲ့အခြေအနေကတစ်မျိုး၊ ဖြစ်လာတဲ့ ကျန်းမာရေးဝန်ကြီးကလည်း အာဏာရှင်ခေတ်အဆက်ဆက် နီးနီးစပ်စပ် ပလဲပနံသင့် ကပ်ပေါင်းလာသူဖြစ်တာကတစ်မျိုးကြောင့် ပြည်သူတွေရဲ့  ကျန်းမာရေးအခန်းကဏ္ဍကတော့ အရင်ကလိုဘဲ အသက်ကို ဆက်လက်ပြီး ဖက်နဲ့ ထုတ်ထားရမယ့် အနေအထားပါဘဲ။


    (နစ်နေမန်းဘလော့)


    http://niknayman-niknayman.blogspot.com/2011/05/blog-post_3260.html

    -

    ReplyDelete

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....