Sunday, April 10, 2011

ငလျင်နဲ့ ဆူနာမိ ဘေးဒဏ်သင့် ဒုက္ခသည်များကို မြန်မာများ သွားရောက်ကျွေးမွေးလှူဒန်း


ရိကုဇဲန်းတာကာတာမြို့နယ်ရုံးမှာ ရှိတဲ့ ခိုလှုံရေးစခန်းသို့ သွားရောက်ခဲ့ကြသည့် မြန်မာများ



၂၀၁၁ ခုနှစ် ဧပြီ ၁၀ ရက်။

ဂျပန် ငလျင်ကြီးနဲ့ ဆူနာမိရေလှိုင်းဒဏ်ကြောင့် လုံးဝနီးပါး ပျက်ဆီးသွားတဲ့ အီဝါးတဲ့ခရိုင် ခိုလှုံရေးစခန်း ၉၂ အနက် တခုဖြစ်သော ရိကုဇဲန်းတာကာတာမြို့နယ်ရုံးမှာ ရှိတဲ့ ခိုလှုံရေးစခန်းမှ ဘေးသင့်သူ ဒုက္ခသည်ဦးရေ ၃၀၀ ခန့်ကို မြန်မာ ထမင်းဟင်း နေ့လယ်စာ ချက်ကျွေးသည့် မြန်မာနိုင်ငံသားများရဲ့ အလှူတခုကို သွားရောက်ပြုလုပ်ခဲ့ကြပါသည်။
ကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသုများနှင့် တွေ့ဆုံဆွေးနွေးရာတွင် လာမည့်အပတ်မှာ ကျောင်းများ ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်သည်အတွက်  ကျောင်းသန့်ရှင်းရေးများ လုပ်ပေးရန် လိုအပ်ကြောင်းနှင့် ဒုက္ခသည်များအား ကျွေးမွေးရန် အစီအစဉ်များ လိုအပ်သေးကြောင်းကိုသိရှိရပါသည်။ ငလျင်နောက်ပိုင်းမှာ သွားလာရေးအစဉ်ပြေရန် ရှင်းလင်းထားနိုင်ခဲ့သော်လည်း မြောက်မြားစွာသော် အပျက်အစီးများကို ရှင်းလင်းရန် များစွာလိုသေးကြောင်းကို သိရှိခဲ့ရပါသည်။

ငလျင် ဆူနာမိ သတင်းကို နေ့စဉ် မြင်ရကြားရပြီး ဒုက္ခသည်များအတွက် တခုခု လုပ်ခြင်စိတ်ပေါ်လာပြီး APFS ၏ ကိုယ်စားလှယ် KATO san ဆက်သွယ် ကူညီပေးမှုအရ ယခုကဲ့သို့ တိုကျိုမှ ကီလိုမီတာ ၅၅၀ ရှိခရီးစဉ်ကို သွားရောက် လှူဒန်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဆူနာမိရေလှိုင်းဒဏ်ကြောင့် လုံးဝနီးပါး ပျက်ဆီးသွားတဲ့ အီဝါးတဲ့ခရိုင်မှာ ရေ မီး ဂဒ်(စ်) လုံးဝ မရရှိသည့် နေရာ ဖြစ်သည်အတွက် လူဦးရေ ချက်ပြုတ် ကျွေးမွေးရန်မှာ အသေးစိတ် ပြင်ဆင် ဆောင်ရွက်ခဲ့ရပါသည်။ ယခု သွားရောက် လှူတန်းခဲ့သည့် အလှူရှင်များမှာ ဂျပန်နိုင်ငံ၌ ပညာသင်ကြားနေသော မြန်မာကျောင်းသားများ ဂျပန်လူမျိုးနှင့် လက်ထပ်ထားသော မြန်မာများ အလုပ်ဗီဇာဖြစ် နေထိုင်သော မြန်မာများနှင့် နိုင်ငံရေး ခိုလုံခွင့် နေထိုင်သော မြန်မာများတို့၏ စုပေါင်းသည့် အလှူဖြစ်ပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....