Sunday, April 3, 2011

ငလျင်နှင့် ဆူနာမိ ဒဏ်သင့် ဂျပန် ပြည်သူများအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရန် စီစဉ်။



မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan မှ ဧပြီလ(၁၀)ရက်နေ့ တနင်္ဂနွေနေ့တွင် ငလျင်နှင့် ဆူနားမိ ဒဏ်ခံရသော ဂျပန် ပြည်သူများအတွက် ဘာသာပေါင်းစုံ အမျှဝေ ဆုတောင်းပွဲနှင့် အဆိုပါ ငလျင် ဘေးဒုက္ခဒဏ် ခံစားနေရသူများအတွက် ဂျပန်ရောက် မြန်မာနိုင်ငံသား များ၏ အလှူငွေ ပေးအပ်ခြင်း အစီအစဉ်ကိုပါ ကျင်းပပြုလုပ်ရန် ဆွေးနွေး ဆုံဖြတ်ခဲ့ကြပါသည်။

 NDB-Japan မှ ပြည်တွင်း နိုင်ငံရေး လှုပ်ရှားမှုများကို ထောက်ပံ့ ကူညီ သွားနိုင်ရန်အတွက် ဘဏ္ဍာရေး ကော်မတီဖွဲ့စည်းကာ လစဉ် ယန်း တစ်ထောင် Campain ကောက်ခံ ပေးပို့သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ငလျင်နှင့် ဆူနာမိ ဒဏ်သင့် ဂျပန် ပြည်သူများအတွက် ကုသိုလ်ပါဝင်လိုသူများ ဆုတောင်းပွဲ အခမ်းအနား ကျင်းပ ပြုလုပ်သည့် နေ့တွင်လည်း လာရောက် လှူဒန်းနိုင်ကြောင်းနှင့် အလှူငွေများကို ဆက်လက် ကောက်ခံ သွားမည်ဖြစ်ကြောင်း အသိပေး နှိုးဆော် အပ်ပါသည်။
ကျင်းပပြုလုပ်မည် နေရာ မြေပုံ
နေ့ရက်  ။ ၂၀၁၁ ခုနှစ် ဧပြီလ(၁၀)ရက်၊ (တနင်္ဂနွေနေ့)
အချိန်နေ့ခင်း ၁ နာရီမှ ညနေ ၅ နာရီ အထိ
နေရာ ။ Ochiai Dai ichi Chiki Center, 3rd Floor,
Shinjuku ku, Shimo Ochiai 4-6-7, Shinjuku ku 161-003
Tel: 03 3954 1611, Fax: 03 3951 5734
 
ဆက်လက်ပြီး ဧပြီလ(၈)ရက်နေ့မှာ ငလျင်နဲ့ ဆူနားမိလှိုင်းဒဏ် ခံခဲ့ရသည့် အီဝါးတဲ့ခရိုင် ရီကုဇဲန်း တာကာဒါမြို့ရှိ ခိုလှုံရေး စခန်းတခုမှာ နေထိုင် နေကြသော ဘေးသင့်သူများ ရှိရာသို့ သွားရောက်ကာ နေ့လယ်စာတနပ် ချက်ပြုတ် ကျွေးမွေး လှူဒါန်း သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

မိုင်ကျော်ဦး

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....