CNN သတင်းများအရ တိုကျိုမြို့တောင်ဖက် ကီလိုမီတာ ၂၆၀ အကွာတွင်ရှိသော Fukushima မြို့ရှိ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ Daiichi သည် ဂျပန်နိုင်ငံတွင်ရှိသော နျူကလီးယားစွမ်းအင်သုံး စက်ရုံနှစ်ရုံအနက် တခုအပါဝင်ဖြစ်ပြီင်္း ငလျင်ဘေးကြောင့် အရေးပေါ် အအေးပေးစနစ် အလုပ် မလုပ်နိုင်သဖြင့် နျူကလီးယား ရောင်ခြည် ပျံ့နှံ့မှု (radiation levels 1,000) တိုးပွါးလာကြောင်းနှင့် အရေးပေါ်အခြေအနေအရ စက်ရုံအနီး ၂ - ၃ ကီလိုမီတာ အတွင်းမလာရန်နှင့် ထိုဒေသမှ ဒေသခံများကို ပြောင်းရွှေ့ရန် ဂျပန်ဝန်ကြီးချုပ် နာအိုးတိုးခမ် (Naoto Kan) က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဂျပန်ရှိ ညီအကိုမောင်နှများ နျူကလီးယား ဓါတ်ပေါင်းဖိုရှိရာ နယ်သို့ ခရီးထွက်ခြင်း မလုပ်ကြပါရန်နှင့် သေသေချာချာ မသိရသေးသဖြင့် ဒေသထွက် အသီးနှံ့များ စားသောက်ကုန်များ ကို စားသုံးခြင်းများကို စတင်ရှောင်ရှားထားသင့်ပါသည်။ ဂက်စ် စက်ရုံလည်းမီးလောင်သောကြာင့် လေထုအဆိပ်သင့်မှုများ ကြုံတွေ့နိုင်ရပါသည်။ လိုအပ်သည့် ကာကွယ်ရေးစနစ်များနှင့် ထွက်ပေါ်လာသည့် အရေးပေါ်အခြေနေများကို အချိန်မှီတင်ပြပေးရန် ကြိုးစားနေပါသည်။ (အေးနန္ဒာအောင်)
မီးလောင်နေသော ဂက်စ်ရုံပုံ Photo CNN



သတင်းတွေတင်ပေးနေတာအရမ်းကျေးဇူးတင်ပါတယ်။
ReplyDeleteဂျပန်မှာသာနေနေပေမယ့်ဂျပန်စာမဖတ်တက်၊ဂျပန်စကားလည်းထမင်းစားရေသောက်လောက်ပဲတက်တော့ ဒီလိုမျိုးဖော်ပြပေးတာ။ကျွန်တော့်လိုဂျပန်ရောက် စကားမတက်မြန်မာတွေအဖို့အလွန်အထောက်အပံ့ဖြစ်ရပါတယ်။