Wednesday, February 2, 2011

proxy တွေကို ကိုယ်တိုင်ဘယ်လိုရှာမလဲ

ပြည်တွင်းက မိတ်ဆွေတွေအတွက် ကျနော်တို့ ဒီကနေ တင်ပေးလိုက်တဲ့ proxy ဆိုဒ်တွေ IP & Port ဆိုဒ်တွေကို ခဏခဏအပိတ်ခံနေရတဲ့အတွက် အခက်အခဲတွေ့နေကြပါတယ်။ proxy ကျော်နည်း အသစ်မရခင် မှာ တော်တော် အခက်အခဲဖြစ်တယ်လို့ ခဏခဏပြောနေကြပါတယ်။ တကယ်တော့ ကိုယ်တိုင် ရှာလို့ရပါတယ်။ proxy ဆိုဒ် ကို ကိုယ်တိုင် ဆွဲလို့ရပါတယ်။ (ကျနော်ကြိုးစားနေတယ် မအောင်မြင်သေးလို့ပါ။ နောက်ပိုင်း အချိန်ရရင် proxy ဆိုဒ် ကိုယ်တိုင်ရေးနည်းတင်ပါမယ်။) ကိုယ်တိုင်ရှာလို့ရတဲ့နည်းလေးတွေကို ဒီနေရာကနေ မျှဝေပေးကြပါဖို့ တောင်းတိုက်တွန်းပါရစေ။ proxy ကို ကိုယ်တိုင်ရှာတက်ရင် ဘယ်လောက်ပိတ်ပိတ် သနားတယ် ပြောလိုက်လို့ရပါတယ်။

* ၁။ google တို့ yahoo တို့မှာ appspot proxy ဆိုပြီးရိုက်ထည့်ရှာလိုက်ပါ။ ဒါဆိုကိုယ့်စိတ်ကြိုက်ရွေးပြီး ကျော်ခွနိုင်ပါပြီ။ ဒီ appspot proxy ဆိုတဲ့ စာသားလေးပဲမှတ်ထားရမှာပါ။

* ၂။ new proxy server IP address & HTTP Port ဆိုပြီးရှာပါ။ သူက ရှာရတာနဲနဲ ခက်တယ်။ အချိန်ပေးရမှာပါ။ google တို့ yahoo တို့မှာ စာမျက်နှာ ၄ နဲ့ ၅ လောက်မှာ ရှိတက်ပါတယ်။

* ၃။ http://proxy.org/ ဆို Link လေးနဲ့ မိတ်ဆက်ပေးပါရစေ။ တော်တော်မိုက်ပါတယ်။ http://proxy.org/ ဆိုတဲ့ ဆိုဒ်ကို သွားရင် ညာဘတ်မှာ Enter a URL to visit ဆိုပြီး box တစ်ခုရှိပါတယ်။ အဲ့ဒီ box ရဲ့ အောက်မှာ Choose one of 3,660 working proxies လို့ ရေးထားပါတယ်။ ကိုယ့်စိတ်ကြိုက် proxy ကို ရွေးပြီး click ခေါက်လိုက်ပါ။ proxy site အများကြီးမှာ ကိုယ့်စိတ်ကြိုက် ရွေးပြီး ကျော်လို့ ရပါတယ်။ တော်တော်လေး အသုံးဝင်ပါတယ်။ လိပ်စာကလည်း မှတ်ရလွယ်ပါတယ် proxy.org ပါ။ လက်တို့ပြီးတော့ မျှဝေပေးလိုက်ပါဦးဗျာ။

ITN အဖွဲ့ဝင်မဟုတ်သူများပါ ဖတ်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Information & Technology Network facebook group မှ မျှဝေပေးခြင်းဖြစ်သည်။

ITN url - http://www.facebook.com/#!/home.php?sk=group_191007117581093&ap=1

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....