Saturday, February 5, 2011

ထမီဝတ်တဲ့ ကလိန်ကကျစ်များ

ယခင်နှစ်ကုန်ခါနီးလများ ကတည်းက စမ်းသပ်တီထွင်လျက်ရှိသော အမရပူရမြို့နယ်ရှိ ပိုးထည်၊ ချည် ထည်၊ အချိတ်ထမီ လုပ်ငန်းများမှနေ၍ ထမီ အဆင်ဒီဇိုင်းသစ်များကို ဇန်န၀ါရီလပိုင်းတွင် စတင် ရက်လုပ်လျက်ရှိနေပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

အမျိုးသမီးဝတ် အချိတ်ထမီ ပိုးထည်များမှာ အမျိုးသား ၀န်ကြီးများ၏ ကြောင်တောင်တောင်
ဝတ်ဆင်မှုကြောင့် ယခုနှစ်တွင် ဈေးကွက်အတွင်းနေရာယူ လာသည်နှင့်အမျှ ထပ်မံ၍ ထမီအဆင်သစ်များ တီထွင်ရက်လုပ်နေကြောင်း အမရပူရမြို့ အချိတ်ပန်းချီ လုပ်ငန်းရှင်တစ်ဦး ပြောသည်။


"ချိတ်ထမီတွေက အရင်တုန်းက ဆိုရင် အမျိုးသမီးတွေပဲ သီးသန့် ၀တ်တော့ ဈေးကွက်က အမျိုးသမီး ဈေးကွက်ပဲ ရှိတာပေါ့ဗျာ။ အခုတော့ အမျိုးသား ၀န်ကြီးတွေပါ ၀တ်ဆင်လာတော့ ဈေးကွက် နှစ်ဆ တိုးတာပေါ့။ မကြာမီ လွှတ်တော်တက်မယ့် အမတ်မင်းတွေလဲ လွှတ်တော်ထဲမှာ ၀န်ကြီးများ နည်းတူ
ထမီဝတ်ကြမယ်လို့ မျှော်လင့်ပါတယ်။ သူတို့ ထမီ ၀တ်လေ ကျွန်တော်တို့အတွက် အဆင်ပြေလေ ပေါ့ဗျာ"ဟု ဆက်လက်ရှင်းပြသည်။


ယခုကဲ့သို့ မြန်မာ့ရိုးရာ အချိတ် ထမီများအား အမျိုးသား ၀န်ကြီးများက ခေတ်နှင့်အညီ ဒီဇိုင်းအဆင် အမျိုးအစားသစ်များစွာဖြင့် ရွေးချယ်ဝတ်ဆင်မှု များပြားလာသည်နှင့်အမျှ ဈေးကွက်ခိုင်မာမှု ရှိလာသောကြောင့် အဆင်ဒီဇိုင်း အမျိုးအစားသစ်များကို ပိုမိုတီထွင် ရက်လုပ်မှု များပြားလာလျက်ရှိကြောင်း သိရှိရပါသည်။
ကိုးကား အမရပူရမြို့ ပိုးထည်၊ ချည်ထည်၊ ဆေးရေးပန်းချီခြယ် လုပ်ငန်းများ ယခုနှစ်အတွက် အမျိုးအစားဒီဇိုင်း အသစ်များ စတင်ရက်လုပ်လျက်ရှိ
Photobucket
 




No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....