Sunday, February 6, 2011

(၆၄)နှစ်မြောက် သျှမ်းအမျိုးသားနေ့ အခမ်းအနား တိုကျိုတွင် ကျင်းပပြုလုပ်။


ယနေ့ ၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလ(၆) ရက်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ. (ဂျပန်)SND-Japan နှင့် သျှမ်းပြည် တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ (ဂျပန်)SSND-Japan တို့မှစုပေါင်းပြီး (၆၄)နှစ်မြောက် သျှမ်းအမျိုးသားနေ့ အခမ်းအနား ကို တိုကျို IKEBUKURO အရပ်ရှိ Kumin Center 6F တွင် ကျင်းပခဲ့ကြပါသည်။

ပြည်တွင်း၍ လွတ်လပ်စွာဖြင့် ကျင်းပခွင့်မရရှိသော သျှမ်းအမျိုးသားနေ့ အနားကို ဂျပန်နိုင်ငံရောက်ရှိနေကြသည့် သျှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား  လူမျိုးပေါင်းစုံ တို့မှ နိုင်ငံရေး အနှစ်သာရရှိစွာဖြင့် စုပေါင်းကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ အခမ်းအနားတွင် ဂျပန်နိုင်ငံရောက် ဒီမိုကရေစီ အင်အားစုများ တိုင်းရင်းသား အဖွဲ့အစည်းများတို့မှ (၆၄)နှစ်မြောက် သျှမ်းအမျိုးသားနေ့ အထိမ်းအမှတ် ဂုဏ်ပြုအမှာစကား တက်ရောက် ပြောကြား သွားခဲ့ကြပြီး သျှမ်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း အကျဉ်းကို သျှမ်းဘာသာစကားဖြင့် နန်းနှင်းနှင်းမှ ဖိတ်ကြားသွားပါသည်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ တန်းတူညီမျှသည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ဂျပန်ရောက် သျှမ်းပြည်တိုင်းရင်းသားများ၏ ဒီမိုကရေစီရေး လှုပ်ရှားမှုမှတ်တမ်းများနှင့် လှုပ်ရှားမူ့များနှင့် သျှမ်းပြည်၏ လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများကို Projector ဖြင့် ရှင်းလင်း ပြသသွားခဲ့ပါသည်။

ဦးခွန်ထွန်းဦးနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ၊ မတရား ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားများ အားလုံး အမြန်ဆုံး လွတ်ပေးရန်၊ မြန်မာနိုင်ငံတွင် နေထိုင်ကြသော လူသား အားလုံးတန်းတူ အခွင့်အရေး ရရှိရန်၊နှင့် ကိုယ်ပိုင်ပြဠါန်းခွင့် ရရှိရန်အတွက် SND-Japan နှင့် SSND-Japan တို့၏ သဘောထား ထုတ်ပြန် ကြေငြာချက်ကို ထုတ်ပြန်ခဲ့ပါသည်။

အခမ်းအနား ကို ယနေ့ နေလည် ၁း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီအထိ ကျင်းပခဲ့ကြပြီး သျှမ်းရိုးရာ အိုးစည်၊ အကများဖြင့် သီဆိုဖျော်ဖြေခြင်ကြွရောက်လာကြသော ဧည့်သည်တော်များကို အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရှိရပါသည်။


သတင်းမှတ်တမ်း - Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Lian Kham Sum

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....