Monday, January 3, 2011

“လွတ်လပ်ရေးကိုတဖန် ပြန်လည်အရယူကြပါစို့ လား”

ဒါ တို့ပြည် ဒါ တို့မြေ တို့တတွေပိုင်တဲ့မြေထဲ
အာဏာရှင်တွေမွေ့လျှော်
မွေ့ပျော်ခဲ့တာလည်းကြာခဲ့ပြီ ပေါ့...။
၆၃ နှစ်ဆိုပြန်တော့လည်း...
တို့ ပြည်ထောင်စုရဲ့ လွတ်လပ်ရေးတောင်အဘိုးအိုအရွယ်ရောက်
မြေးတွေလည်းအတောင်ပေါက် ပြည်မြန်မာရဲ့အနာဂတ်ဟာ
အိပ့်မက်ဆိုးတွေနဲ့ တစ္ဆေခြောက်လှန့်လို့နေဆဲ
တစ္ဆေခြောက်လှန့်လို့နေမြဲ...။
နှစ်ထောင့်ဆယ့်တစ်ပြတင်းတခါးပေါက်ကနေ
အတိတ်ကို လှမ်းကြည့်လိုက်တော့
ဝင်းဝါနေတဲ့ ပြည်မြန်မာဟာ အ...လား.....လား
ဒဏ်ရာတွေ ပြည့်နှက်လို့နေရော့ လား...။
ဒီ့ အတွက်...
ပေးဆပ်ရမယ်ဆိုတဲ့အသိ ငါတို့ရင်ထဲရှိနေတော့
မွေ့လျှော်ခြင်းကင်းမဲ့တဲ့ နံရံလေးဘက်ကြား
နေ့သစ်များစွာကို ထုဆစ်
ပုဇဉ်းရင်ကွဲသံတွေနဲ့
ညပေါင်းများစွာကိုကျော်ဖြတ်သန်းရင်း
မလင်းတလှည့် လင်းတလှည့် ဘဝများစွာကိုကယ်ထုတ်ဖို့
ငါတို့ဟာ ငါတို့ရဲ့ စွမ်းပကားနဲ့ အပတ်တကုတ်
ကြိုးစားလို့အားထုတ်နေဆဲ အားထုတ်လို့နေမြဲ...။
အမှား အမှန်ကိုစကားပြန်နဲ့ ရှင်းပြနေရတဲ့ခေတ်ဆိုးထဲက
ကြောက်စရာကောင်းတဲ့ စစ်လက်နက်ပုခုံးထမ်းလူတွေဟာ
နေသစ်များစွာရဲ့ ခါးတီးခြင်းကိုအဖေါ်ပြု
အနေချောင်ပြီခေါင်းရှောင် အမှောင်ချောင်ခိုနေကြမယ့် အတူတူ
ပြည်သူတွေကိုဖေးကူ လွတ်လပ်ရေးကိုတဖန်
တို့တတွေနဲ့အတူ ပြန်လည်အရယူကြပါစို့...လား။

၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ကိုဤ ကဗျာဖြင့်ဂုဏ်ပြုအပ်ပါသည်...။
အမေ့သား(ဒိန်းမတ်)၄.၁၁.၂၀၁၁..

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....