Friday, December 31, 2010

ဒီဇင်ဘာ ၈ ရက်နေ့ မြန်မာနိုင်ငံရောက် TIME မဂ္ဂဇင်း ဓါတ်ပုံဆရာ၏ အတွေ့အကြုံ ရှင်းလင်းသည့် ဗီဒီယို


Time မျက်နှာဖုံးဓါတ်ပုံဆရာ Platon ၏ အတွေ့အကြုံရှင်းလင်းချက် (ဘာသာပြန်)
ကျနော်သတင်းသမားအဖြစ် အနှစ် ၂၀ ကျော်ကြာပါပြီ ကျနော်က သမားရိုးကျ ဓါတ်ပုံသမား တယောက်မဟုတ်ပါဘူး ပုံရိပ်ဖန်တီးသူတယောက်ပါ ကျနော်ပုံရိပ်တွေကို အဓိပ္ပါယ်ဖေါ်အောင်လုပ်သူပါ။ ကျနော်တခါမှ ဒီလိုရူးချင်စရာကောင်းတဲ့ ခရီးစဉ်မျိုး မကြုံဖူးသေးပါဘူး။ ဘာနှင့်တူလဲဆိုတော့ အိပ်မက်လှလှလေးတွေနှင့် အိပ်မက်ဆိုးတွေ ရောထွေးနေတာနှင့် တချိန်ထဲ မက်နေတာနှင့် သွားတူတယ်။ ကျနော်တို့ ဟော်တယ်ကိုရောက်တာနှင့် ကျနော်အတွက်ဖုန်း ဆက်လာပါတယ်။ ဧည့်ကြိုကောင်တာကပြောတာက “Mr. Platom ကို Ms. H ကဖုန်းဆက်လာပါတယ်” ကြားလိုက်တော့ Miss H ဟုတ်ပြီ Hanner ဖြစ်ရမယ် ကျနော်ဖုန်းကိုင်လိုက်ပြီး ကျနော်တို့နှုက်ဆက်စကား ပြောပြီးနောက်
သူမကပြောလာပါတယ် “တို့ NLD ရုံးကိုသွားရမယ် အောင်ဆန်းစုကြည်ရုံးခန်းကိုပေါ့ မျက်နှာဖုံးဓါတ်ပုံ ရိုက်ဖို့ သွားဆွေးနွေးရမယ်” ကျနော်တို့ အောင်ဆန်းစုကြည်ရုံးခန်းကိုသွားတဲ့အခါ လမ်းမှာ ခဏ၀င်ပြီး ဦးထုပ်များဝယ်ရပါသေးတယ် Miss H ပြောတယ်လေ “ မင်းအနေနှင့် မင်းမျက်နှာကို ဘယ်သူမှ မမှတ်မိအောင် ဓါတ်ပုံမရိုက်နိုင်အောင် ကာကွယ်ရမယ် သူတို့တခါရသွားတာနှင့် နောက်ဆိုမင်းကို နောက်ယောင်ခံ လိုက်လံကြည့်ရူ့နေလိမ့်မယ်” ကျနော်တို့အုပ်စု NLD ရုံးခန်းကိုရောက်တဲ့အခါမှ ပထမဆုံးတွေ့ရတာက ဂိတ်စောင့်တဲ့လူနှင့် စကားပြောရတာ သူက စာအုပ်ကို လှန်လှောရှာဖွေပြီး “မင်းတို့က ချိန်းထားတဲ့လူ စာရင်းထဲမှာ မပါဘူး” လို့ ထပ်ခါတလဲလဲပြောနေပါတယ်။ ကျနော်စားပွဲပေါ်က သူ့လက်နှစ်ဖက်ကို ဆွဲကိုင်ပြီး ကျနော်မျက်လုံးတွေကို ကြည့်ပါ လို့သူ့မျက်နှာကို ကြည့်ပြီး ပြောလိုက်တယ် “ ကျနော်သိပါတယ် ကျနော်တို့က ချိန်းဆိုထားခြင်းမရှိပါဘူး ဒါပေမယ့် ခင်များအနေနှင့်ကျနော့်ကို ကူညီရလိမ့်မယ် ကျနော်တို့ ကအဝေးကြီးက လာရတာပါ ကျနော်သိပါတယ် သူမ(ဒေါ်အောင်ဆန်းစုကြည်) မအားဘူး အလုပ်ရူပ်နေတယ် ဒါပေမယ့် ခင်ဗျား ကျနော်ကို ကူညီပါ” လို့ပြောလိုက်တယ် သူက “မနက်ဖြန် မင်းကံကောင်းရင် ကောင်းလိမ့်မယ် ထင်တယ်” လို့ပြောပါတယ် ထင်တယ်လို့ပြောတာပါ ။ ကျနော်လဲ ဦးထုပ်ငိုက်ငိုက်ဆောင်း နေကာမျက်မှန်ပြန်တပ်ပြီး Miss H နှင့် ကားဒရိုင်ဘာဆီပြန်လာပြီး ပြန်ထွက်ခွါဖို့ ပြင်တဲ့အချိန်မှာ Miss H ကမိုဘိုင်းဖုန်းပြောနေတယ် “ဘာပြောတယ် မင်းသေချာလား ဘုရားရေ ဘုရားရေ ကောင်းပြီး တို့အခုပဲ ထွက်သွားမယ်” ဖုန်းပြောပြီးတာနှင့် သူမက ဘာမှ မကြည့်နှင့် မင်းခေါင်းကို စိုက်ထား တို့နောက်မှာ နောက်ယောင်ခံလိုက်လာတယ်။ အဲဒီမှာ တို့ခရီးစတာပဲ ဒရိုင်ဘာကောင်လေးကို ကျနော်ကားထဲ ထိုးဝင်ချလိုက်ပြီ ကောင်လေးကို “မောင်း ကိုယ့်လူရေ မောင်း ငရဲကျသလိုမောင်း” ပြောလိုက်တယ် ဒရိုင်ဘာကောင်လေးက ကားကိုမောင်းထွက်လာတယ် သူ့ကားအံဖုံးထဲက ပလစ်စတစ်လောင်းထားတဲ့ အောင်ဆန်းစုကြည် ဓါတ်ပုံလေးကို ထုက်ပြပြီး “အမေ အမေ” ပြောတယ် “မင်းတို့ကို ငါကူညီမယ်”လို့လဲပြောပြီး အနောက်မှာ ရဲလို့ထင်ရတဲ့ လူတွေကလည်း ကားတစီးထဲထိုးဝင်းပြီး မောင်းလိုက်လာတယ် ကျနော်တို့ရဲ့ နှစ်နာရီ သုံးနာရီကြာတဲ့ ကားခရီးစဉ်စတော့တာပါပဲ။ တခါတလေ မိုင်၉၀ လောက်မောင်းတွေ ဈေးတွေထဲ ဖြတ်မောင်း နောက်ပြန်ကွေ့တာတွေ ဘယ်ယိမ်း ညာယိမ်း အဝေးပြေးလမ်းမတွေ ဖြတ်မောင်းပြီးတော့ ကျနော်တို့ မျက်ခြေဖြတ်ခဲ့ လိုက်နိုင်တယ်။ နောက်တနေ့ ကျနော်တို့ NLD ရုံးကိုရောက်လာပြီး သူမရောက်လာပါတယ် သူမက လှပတယ် အဆင့်အတန်းမြင့်ယဉ်ကျေးပါတယ် “ကျမစိတ်မကောင်းပါဘူး အခုလိုစောင့်ဆိုင်းနေရလို့ စအရမ်းစိတ်မကောင်းဖြစ်မိတယ် ဒီအခန်းက ၉၅ ဒီဂရီပူနေလို့” စသဖြင့်ပြောပြီး။ ကျနော်က အဓိကကျနော့်လိုလားချက်ကိုပြောပါတယ် “ဟုတ်ကဲ့ ကျနော်ကို ကူညီပါ ဘယ်သူကိုမှ မနေပြဘူးတဲ့ ဗီဇအသက်ပါအောင်နေပြပါ” ပြောလိုက်ပြီးနောက် ကျနော်ဓါတ်ပုံရိုက်ယူလိုက်တာ တကယ့်ကို လှပတဲ့ ဓါတ်ပုံကို ကျနော်လက်နှင့်ရိုက်ယူလိုက်နိုင်ပါတယ်။ အမေဆိုတာကိုပေါ့။
ပြီးတာနှင့် ကျနော်ပြန်လာခဲ့တယ် အထုပ်တွေ ထုပ်ပိုး ပြင်ဆင်တယ်။ ကျနော်တို့အနေနှင့် ဘာကိုမှကြိုတင်မသိနိုင်ပါတယ် လေဆိပ်မှာ သူတို့ဖမ်းရင်လဲဖမ်းမယ် ကျနော်လဲ ဖမ်းဆီးခံရမလား ဘယ်သူမှမပြောနိုင်ပါဘူး။ ကျနော်တို အထုပ်တွေကို သေသေချာချာ ဂရုတစိုက်ပြင်ဆင်ပါတယ် အကယ်လို့ ကျနော်တို့ဖမ်းခံရရင် Miss H ကပြောတယ် သူမကိုခေါ်ပါ သူမလာပြီး အထုပ်တွေသိမ်းထားပေးပါမယ်လို့။ ကျနော်တို့လေဆိပ်ကို သွားတဲ့အခါမှာ ဖလင်ကို ကျနော်ခြေစွပ်ထဲ ထည့်ထားလိုက်တယ်။ လေဆိပ်မှာ ကျနော်ချွေးတွေထွက်နေတယ် စိုးရိမ်တယ် အဖမ်းခံရမလား။ လေယာဉ်တံခါးကြီး ပိတ်လိုက်ပြီး ထွက်လာတော့မှ ကျနော်တို့ အောင်မြင်အောင် လုပ်လိုက်နိုင်ပြီလို့ သိရတယ်။
ဓါတ်ပုံက လွတ်မြောက်မှုရဲ့ ပုံရိပ်၊ လူသားတွေရဲ့ ပုံရိပ်၊ ဒီပုံက ကမ္ဘာကြီးကို ပြောင်းပစ်မယ့်သူမ၊ သူမမှာ လူတွေကိုပြောင်းလွဲပေးမယ့် အရည်အချင်း အရည်သွေးရှိတယ်။ ဒါက တစုံတခုသော ပြောင်းလွဲမှု သမိုင်းကိုပြောင်းလွဲမယ့် ပုံရိပ် ဓါတ်ပုံပါ။

Platon ပြောကြားချက်ဗီဒီယိုကို အကြမ်းဖျင်း ဘာသာပြန်ပေး ခြင်းဖြစ်ပါသည်။ အမှားယွင်းရှိ ကောင်းရှိနိုင်ပါသည်။ နားလည်ပေးနိုင်မှာပါ။
ခင်မင်လေးစားလျှက်
ရဲမင်းထွန်း

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....